Oct 23, 2023
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ် တရားသူကြီးချုပ် The Hon. Tun Tengku Maimun binti Tuan Mat ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံဖက်ဒရယ်တရားရုံးချုပ်မှ ကြီးမှူး၍ အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် “အာဆီယံတရားသူကြီးချုပ်များ ကောင်စီ၏ ဆယ်နှစ်တာလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ် ရန်အတွက် ပြန်လည်သုံးသပ်သည့် အစည်းအဝေး (Council of ASEAN Chief Justices (CACJ) Retreat)” သို့ တက်ရောက်ခဲ့သည်။
Oct 23, 2023
နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
Oct 23, 2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပမည့် ၂၀၂၃ အာဆီယံ-တရုတ် မီဒီယာဖိုရမ်တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
Oct 23, 2023
ဘာသာတရားနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာများ ပိုင်ဆိုင်ထားသောကြောင့် နိုင်ငံအေးချမ်းသာယာဝပြောလျက်ရှိသည်။ ကောင်းမြတ်သည့် ဘာသာတရား၏ အဆုံးအမညွှန်ပြမှုများနှင့် အစဉ်အလာယဉ်ကျေးမှုတို့သည် တိုင်းရင်းသားလူမျိုး အစုအဖွဲ့အသီးသီးတွင် ကိုယ်စီရှိကြသည်။ အဆိုပါအစဉ်အလာကြောင့်ပင် တစ်ဦးနှင့်တစ်ဦး လေးစားခြင်း၊ ကိုင်းညွတ်ခြင်း၊ စည်းလုံးခြင်း၊ ပျော်ရွှင်ခြင်းတို့ ပြည့်လျှံနေသဖြင့် အေးချမ်းသာယာ ချမ်းမြေ့ပျော်ရွှင်မှုများ ပြည့်စုံသည့်နိုင်ငံဟု ဆိုနိုင်သည်။
Oct 23, 2023
နယ်ချဲ့အင်္ဂလိပ်တို့က ၎င်းတို့၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ်များ ရရှိရန်ရည်ရွယ်၍ ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ရန်ကုန်-ပြည်ရထားလမ်းကို ဖွင့်လှစ်ခဲ့ရာ ယင်းသည် မြန်မာ့ရထားပို့ဆောင်ရေးလုပ်ငန်း၏ သမိုင်းအစပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းထက် တစ်နှစ်သာ နောက်ကျသော မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည် အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံးလည်းဖြစ်သည်။ ယခု အခါ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၄၆ နှစ် ကျော်လာခဲ့ပြီဖြစ်သည့် မြန်မာ့မီးရထားလုပ်ငန်းကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်၍ နိုင်ငံနှင့်ပြည်သူအကျိုး ဆက်လက်သယ်ပိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
Oct 23, 2023
ရွှေညောင်- တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထား လမ်းပိုင်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ဘူတာရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
Oct 22, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၁-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၃၀၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၂) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Oct 22, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 22, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော ဘCRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 22, 2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပမည့် ၂၀၂၃ ခုနှစ် အာဆီယံ-တရုတ် မီဒီယာဖိုရမ်သို့တက်ရောက်ရန် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ
Oct 22, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးပြီး ပို့ကုန်ကဏ္ဍကိုမြှင့်တင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းအနေဖြင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လူမှုစီးပွားဘဝမြင့်မားရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အသက်မွေးပညာဘာသာရပ်များ
Oct 22, 2023
လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ တောင်သူလယ်သမားများအပါအဝင် ကျေးလက်နေပြည်သူများ၏ ထုတ်လုပ်နိုင်မှုစွမ်းအားနှင့် ဝင်ငွေမြှင့်တင်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ အပတ်စဉ်စနေနေ့တိုင်း ကျင်းပသည့် တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers’ Technical Forum)ကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးပြုခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများ ခေါင်းစဉ်ဖြင့် ကျင်းပသည်။
Oct 22, 2023
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ဒုတိယ စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ် ရုံး၌ ကျင်းပသည့် ဝန်ထမ်းတွေ့ဆုံပွဲနှင့် ရေဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
Oct 22, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသောလုပ်ပိုင် ခွင့်များကိုကျင့်သုံးလျက် ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ် အဝန်း ၂၀၀၀ ဧကရှိသော နယ်မြေကို “ဂျူးဇီ ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၂၅/၂၀၂၃)အရ ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၆)ရက် (၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ ၂၀ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
Oct 22, 2023
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးတိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Toyota Gasoline Engine
