Sep 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သံတွဲခရိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုပြီးဂွမြို့နယ်မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
Sep 18, 2023
မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် ပူတာအိုမြို့၌ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပူတာအိုအခြေချစစ်ဗျူဟာမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ပူတာအိုမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။
Sep 18, 2023
ကယားပြည်နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
Sep 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သံတွဲခရိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုပြီး ဂွမြို့နယ်မှဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
Sep 18, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေလယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ဒေသဖွံ့ဖြိုးလုပ်ငန်းများ အကောင်အထည်ဖော်နေမှုနှင့် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 18, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန် ရဲထွေး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ဘန့်ပိန်း (ချင်းကုန်း) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၏ နောက်ဆက်တွဲ စာသင်ဝိုင်းများတွင် အခြေခံပညာ ဆရာဆရာမများက ဒေသခံများအား အခြေခံပညာရပ်များ သင်ကြား ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
Sep 18, 2023
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ဥပဒေရုံးအရာထမ်းအိမ်ရာ၊ မြောက်ဥက္ကလာပ မြို့နယ်ဥပဒေရုံးနှင့် စမ်းချောင်းမြို့နယ် ဥပဒေရုံးအဆောက်အအုံသစ် ဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
Sep 18, 2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ မြို့တော်ခန်းမ၌ အခြေပြု၍ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၈၁၄ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Sep 18, 2023
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မကွေးတိုင်းဒေသကြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေ၊ မန်းရေနံမြေနှင့် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ် (၁) ရေနံဓာတ်ငွေ့ ရည်စက်ရုံ (မင်းဘူး) တို့ကို သွားရောက်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့စူးစမ်းရှာဖွေရန် တွင်းအမှတ် (၈၈၅) တူးဖော်မှုနှင့် စက်ရုံပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Sep 18, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့်အတူ လွိုင်ကော်မြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသား သင်တန်းသူများ၊ နည်းပြဆရာများနှင့် တွေ့ဆုံခဲ့သည်။
Sep 18, 2023
တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် အကြိမ် (၂၀) မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲကို ကျင်းပလျက်ရှိရာ အဆိုပါကုန်စည်ပြပွဲဖွင့်ပွဲမှစတင်၍ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကုန်ပစ္စည်းများနှင့်အတူ မြန်မာကုန်စည် ပြခန်းဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ပါဝင်ပြသလျက် ရှိသည်။ (ဝဲပုံနှင့် အပေါ်ပုံ)
Sep 18, 2023
အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံကုန်စည် ပြပွဲနှင့် အကြိမ် (၂၀) မြောက် တရုတ် - အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနန်နင်းမြို့တွင်ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
Sep 18, 2023
ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးအယ်လယဲနိခ်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘယ်လာရုစ်သမ္မတ နိုင်ငံ မင့်စ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ရောက်ရှိခဲ့ရာ လေဆိပ်၌ မြန်မာကိုယ်စား လှယ်အဖွဲ့အား မင့်စ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူ၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှဝန်ထမ်းများနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
Sep 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ “ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မက်မန်းခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
Sep 18, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲဖွင့်ပွဲသို့ တက်ရောက်ပြီး ခင်းကျင်းပြသထားသည့် စက်မှုပစ္စည်းများ၊ လျှပ်စစ်သုံးယာဉ်များနှင့် ပြန်ပြည့်မြဲစွမ်းအင်သုံးစနစ် များကို ကြည့်ရှုသည်။
Sep 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များသို့ သွားရောက်ပြီး အဆိုပါမြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကြကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
Sep 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၅ ရက်က ဘောလခဲမြို့နယ်သို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။
Sep 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပူတာအိုမြို့လေဆိပ်မှ မြို့ဝင်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
Sep 18, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံသို့ တက်ရောက်သည်။