Sep 19, 2023
စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့၌ ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၊ (၇) ကြိမ်မြောက် တရုတ် -အာဆီယံ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် သွင်းကုန်/ပို့ကုန်အစား အသောက်ဘေးကင်းရေးပူးပေါင်းဆောင်ရွက်မှုညီလာခံသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊
Sep 19, 2023
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား သင်တန်းကျောင်း၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
Sep 19, 2023
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
Sep 19, 2023
၂၀၂၃ ခုနှစ် ရှမ်းပြည်နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် တောင်ကြီးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
Sep 19, 2023
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မိုးစပါးဧက ၆၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးရေးအတွက် ဒေသခံတောင်သူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Sep 19, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာစက်တင်ဘာ ၁၅ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လမြိုင်တက္ကသိုလ်ပတ်လမ်း စမ်းကြီးမီးပွိုင့်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် GSD ဂျင်စင်းအချိုရည် ပုလင်း ၈၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Sep 19, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်မှု ရှိ မရှိ၊ မြေပြင်တွင်အမှန်တကယ် နေထိုင်ခြင်း ရှိ မရှိတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းခြင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 19, 2023
တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့၌ အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာ ၁၆ ရက်မှ စတင်၍ တရုတ်နှင့်အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ထုတ်ကုန်ပစ္စည်းများကို ပြသလျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့် ဆက်လက်ပါဝင်ပြသလျက်ရှိသည်။
Sep 19, 2023
ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင်ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန်အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့၌ ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံစိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာ ဝန်ကြီးဌာနနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် (၇)ကြိမ်မြောက် အာဆီယံ-တရုတ် စိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Sep 19, 2023
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ်မစ္စတာ တိန့်ရှီးကျွင်းအား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိရုံး အမှတ်(၄၁)ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ လက်ခံတွေ့ဆုံသည်။
Sep 19, 2023
ရွှေသုဝဏ်ဆရာတော်ကြီး ဦးဆောင်သော ဗုဒ္ဓစာပေအဖွဲ့၏ ပိဋကသုံးပုံပါဠိတော် အုပ်ရေ ၄၀၊ ကွန်ပျူတာစာမူ Soft Copy နှင့် အဘိဓာန် ကျမ်းစာအုပ်များ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်လယ်ဝေးမြို့ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်၌ ကျင်းပသည်။
Sep 19, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်စုပြည်နယ်နန်ကျင်းမြို့ရှိ ကျန်စုပြည်နယ်ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနသို့ရောက်ရှိ၍ ကျန်စုပြည်နယ်ကျန်းမာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကျန်စုပြည်နယ်ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Sep 19, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဌာနတွင်း သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 19, 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့ရှိ မြန်မာ - တရုတ်နယ်စပ် လူဝင်/ထွက်ဂိတ်များမှ ခြောက်ညအိပ်ခုနစ်ရက် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို ပိုမိုလွယ်ကူလျင်မြန်စေရေးအတွက် ရက်ချိန်းပေးစနစ်ဖြင့် မိမိတို့၏ သတ်မှတ်ထားသည့်ရက်နှင့် သတ်မှတ်ဂိတ်မှတစ်ဆင့် ဝင်ရောက်နိုင်ရန် မူဆယ် - နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်းရုံး၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 19, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းအား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 19, 2023
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ စတင်ဆုတ်ခွာသွားပြီဖြစ်သည်။ ထို့အပြင် အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ စတင်ဆုတ်ခွာသွားနိုင်ပြီး စက်တင်ဘာလ ၂၆ ရက် နေ့မှ အောက်တိုဘာလ ၁ ရက်နေ့တွင် မြစ်ဝကျွန်းပေါ်ဒေသများမှဆုတ်ခွာသွားကာ ထိုအချိန်မှစ၍ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမှ ဆုတ်ခွာသွားနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒမှ အသိပေးထုတ်ပြန်ထားသည်။
Sep 19, 2023
“ယဉ်ကျေးမှု” ဟူသည့် ဝေါဟာရ၏အနက်အဓိပ္ပာယ်မှာ လွန်စွာကျယ်ဝန်းနက်ရှိုင်းသည်။ ယဉ်ကျေးမှုသည် လူတစ်ဦးချင်းနှင့်ရော လူမျိုးတစ်မျိုးနှင့်ပါ သက်ဆိုင်သောအရာများလည်းဖြစ်သည်။ မိမိတို့သည် မွေးသည်မှအစ သေသည်အဆုံး ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ယဉ်ကျေးမှုနှင့်အတူနေထိုင်နေကြခြင်းဖြစ်သည်။ ယဉ်ကျေးမှုသည် တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး၏ ဝိသေသလက္ခဏာဖြစ်ပြီး မတူကွဲပြားခြားနားမှုများဖြင့် မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုးဟူ၍ သိသာထင်ရှားစေသည်။ သို့ဖြစ်ရာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများ အသီးသီးရှိနေကြပြီး ကောင်းမွန်သည့်ယဉ်ကျေးမှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းခြင်း၊ အဆင့်အတန်း မြင့်သည်ထက်မြင့်အောင် မြှင့်တင်ခြင်းအားဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကမ္ဘာတွင် ထင်ရှားပေါ်လွင်လာအောင် ဆောင်ရွက်ကြမြဲဖြစ်သည်။
Sep 18, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 18, 2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့မြို့တော်ခန်းမ၌ အခြေပြု၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၆၈၅ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။