Jan 23, 2026
၁။ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-I တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
Jan 23, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 23, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ငပုတောမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မလျှောက်ထား သေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
Jan 23, 2026
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဧည့်ပါမောက္ခအဖြစ် လာရောက်သင်ကြားပေးနေသော စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများနှင့်အတူ ယနေ့တွင် နည်းပညာတက္ကသိုလ် (သန်လျင်) သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
Jan 23, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးသုတေသနဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးတောင်သူအခြေပြု စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို စားမြုံ့ပြန် သတ္တဝါ (ဒေသနွား၊ သိုး၊ ဆိတ်) များအတွက် အာဟာရပြည့်ဝသည့်အစာအဖြစ် ပြုပြင်ကျွေးမွေး၍ တစ်နိုင်တစ်ပိုင် မွေးမြူထုတ်လုပ်ရေးကို မြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ် Grand Ballroom ၌ ကျင်းပသည်။
Jan 23, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ယခင်ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) သို့ ရောက်ရှိပြီး ကျိုင်းတုံပညာရေးဒီဂရီကောလိပ်ကို နေရာပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 23, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
Jan 23, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးသည် ယနေ့နံနက်ပိုင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ပုဒ်မ - ၈၉ အရ ကလေးသူငယ်များကို လက်ခံစောင့်ရှောက်ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ကြည့်ရှုသည်။
Jan 23, 2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီ ၁၈ ရက်က ဗဟန်းမြို့နယ်ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး ဒေါက်တာ နေဇာအောင်နှင့် ဆရာ ဆရာမများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းဖွင့်လှစ်လျက်ရှိသည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနည်းပညာသင်တန်းမှ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
Jan 23, 2026
စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၁၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Jan 23, 2026
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် South Asia Agri Forum 2026 ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jan 23, 2026
ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ဘင်္ဂါလီများကို နိုင်ငံတော်အစိုးရက ကူညီစောင့်ရှောက်ပေးလျက်ရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် ရာအိမ်မှူး ဦးကျော်တင်လှိုင်၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည် -
Jan 23, 2026
ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ သဘောထားထုတ်ပြန်ချက်
Jan 23, 2026
မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း (MIFA) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်
Jan 23, 2026
မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ သဘောထားကြေညာချက်
Jan 23, 2026
ရန်ကုန်တိုင်းဒေသကြီး၊ သာသနာနုဂ္ဂဟအသင်းအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်
Jan 23, 2026
ငလျင်ဒဏ်သင့် အနီရောင်အဆင့် ဝန်ထမ်းအိမ်ရာများနှင့် အဆောက်အအုံများ ပြုပြင်ရန်အားဖြည့် Retrofit Design နှင့် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်ဆိုင်ရာ Knowledge Sharing ဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁) စုဝေးခန်းမ၌ ကျင်းပသည်။
Jan 23, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မစ္စတာတာရိခ်ကာရီးမ်အား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
Jan 23, 2026
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
