

Sep 09, 2025
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်၊ တည်းခိုရိပ်သာများမှ လုပ်ငန်းရှင်များနှင့် ဟူပင်ဟိုတယ်၌ တွေ့ဆုံသည်။

Sep 09, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတက္ကသိုလ် ပင်မဆောင်မူလပုံစံမပျက် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးဗိသုကာဆိုင်ရာ လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတက္ကသိုလ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA)မှ တာဝန်ရှိသူများက မန္တလေးတက္ကသိုလ်ပင်မဆောင်၏ ဗိသုကာပုံစံနှင့် လက်ရှိပျက်စီးမှုအခြေအနေ၊ မူလပုံစံမပျက်ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

Sep 09, 2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန် ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Sep 09, 2025
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ Mr. Ivan NOSOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

Sep 09, 2025
အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၂၃၇) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရက်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကထိကများ၊ သင်တန်းသားများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ကြသည်။

Sep 09, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာမုံခွန်းဝိစစ်စတန်အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

Sep 09, 2025
၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပညာရှင်အဖွဲ့များမှ ပညာရှင် ဆရာကြီး ဆရာမကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

Sep 09, 2025
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံစစ်သံမှူး Senior Colonel Qu Zhe သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
နောက်ဆုံးရသတင်းများ

Sep 09, 2025Latest News
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ

Sep 09, 2025Latest News
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတက္ကသိုလ် ပင်မဆောင်မူလပုံစံမပျက် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးဗိသုကာဆိုင်ရာ လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့

Sep 09, 2025Latest News
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန် ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေး ပေးအ

Sep 09, 2025Latest News
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ Mr. Ivan NOSOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ဆောင်းပါးကဏ္ဍ
- Sep 09, 2025လိုက်ဘရီကာကော်ဖီ (Liberica Coffee) သည် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကအသုံးပြုသည့် မျိုးလေးမျိုးတွင် တစ်ခုအပါအဝင်ဖြစ်ပြီး Rubiaceae မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။ ရုက္ခဗေဒအမည်မှာ Coffea liberica ဖြစ်ပါသည်။
- Sep 08, 2025ယနေ့ခေတ်တွင် လျင်မြန်စွာပြောင်းလဲတိုးတက်နေသော ကမ္ဘာကြီး၌ စာတတ်မြောက်မှုသည် စာရွက်ပေါ်တွင် ရေးနိုင်၊ ဖတ်နိုင်၊ တွက်နိုင် စွမ်းထက်ကျော်လွန်သွားပြီဖြစ်ပါသည်။ သမားရိုးကျ စာတတ်မြောက်မှုသည် ပညာရေး၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက်တည်ရှိနေသော်လည်း ဒစ်ဂျစ်တယ်ခေတ်သည် ပိုမိုများပြားလာသော ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းတွင် သတင်းအချက်အလက်ရှာဖွေရန်၊ အကဲဖြတ်ရန်နှင့်ဖန်တီးရန် လိုအပ်သောကျွမ်းကျင်မှုများကို အလေးပေးကာ ဒစ်ဂျစ်တယ်ခေတ်တွင် စာတတ်မြောက်ခြင်း၏ အဓိပ္ပာယ်ကို ပိုမိုချဲ့ထွင်လာခဲ့ပြီဖြစ်သည်။ စာတတ်မြောက်မှုကိုမြှင့်တင်ခြင်းသည် စာမတတ်သေးသူတို့အား စာတတ်လာအောင် သင်ကြားပေးရုံသာမက အသိပညာကို သိမ်းဆည်း၊ မျှဝေလေ့ရှိသော ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပုံသွင်းထားသည့် ကမ္ဘာတွင် ရှင်သန်ကြီးထွားလာစေရန် ခွန်အားဖြစ်စေခြင်းပင်ဖြစ်သည်။
- Sep 08, 2025ရွေးကောက်ပွဲများတွင် ဥပဒေနှင့်အညီမဲပေးခွင့်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့်အခွင့်အရေးဖြစ်သလို ဒီမိုကရေစီအခြေခံအခွင့်အရေးလည်းဖြစ်ပါသည်။ ဤအခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ (က)၊ ပုဒ်မ ၃၆၉ (က) နှင့် ပုဒ်မ ၃၉၅ တို့တွင် ပြဋ္ဌာန်းပေးထားပါသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်အလိုက် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များကို ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။
- Sep 08, 2025စက်တင်ဘာ ၃ ရက် (ဗုဒ္ဓဟူးနေ့)နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ပေကျင်းမြို့ တီယန်မင်ရင်ပြင်၌ အနီရောင်နိုင်ငံတော်အလံတို့ တလွင့်လွင့်တောက်ပလျက်ရှိသည်။ သောင်းနှင့်ချီသည့် ဧည့်ပရိသတ်များက စတင်တော့မည့် အခမ်းအနားအတွက် စိတ်လှုပ်ရှားလျက်ရှိသည်။
- Sep 07, 2025ရုံးပိတ်ရက်တစ်ရက်၏ နံနက်ခင်းအချိန်၌ ကျွန်ုပ်သည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် နံနက်စာ စားသုံးနေစဉ် ပြည်တွင်းသင်တန်းတစ်ခု၌ အတူတက်ရောက်ခဲ့သော မိတ်ဆွေသင်တန်းသားတစ်ဦးဖြစ်သူ “ကိုဇော်” နှင့် တွေ့ဆုံခဲ့ပါသည်။ ကိုဇော်သည် သိလိုစိတ်များပြား၍ သင်တန်းဆရာများ၏ သင်ကြားသော ဘာသာရပ်အပေါ် မေးခွန်းအများဆုံး မေးမြန်းတတ်သူဖြစ်သည်။ သူမေးသည့်မေးခွန်းများသည် အခြားသင်တန်းသားများ မေးချင်သည့် မေးခွန်းအကြောင်းအရာများပါ ပါဝင်တတ်သောကြောင့် သူတစ်ဦးတည်းဖြင့် သင်ကြားသော ဘာသာရပ်အပေါ် ထပ်မံမေးမြန်းရန် မလိုလောက်အောင် ပြီးပြည့်စုံစွာ မေးမြန်းတတ်သူတစ်ဦး ဖြစ်ပါသည်။
- Sep 06, 2025ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကို ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ပါသည်။ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်ပါမည်။ လွှတ်တော်အလိုက် မဲဆန္ဒနယ်မြေများစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၁၅-၈-၂၀၂၅ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ပါသည်။ ပထမပိုင်းအတွက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို ၂၀-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အပိုင်းလိုက်ဆန္ဒမဲပေးရမည့်နေ့ရက်နှင့် မြို့နယ်များစာရင်းကို ဆက်လက် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။