Skip to main content
Jul 21, 2026
​​​​​​​မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာအခြေခံသည့် နိုင်ငံဖြစ်သလို ဗြဟ္မစိုရ်တရားထွန်းကားသည့် နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာအဆုံးအမဖြစ်သည့် သင်္ဂဟတရားနှင့်အညီ သူတစ်ပါးအပေါ် ချီးမြှင့်ထောက်ပံ့လေ့ရှိသည်။ သင်္ဂဟတရားထွန်းကားသည့် လောကကြီးသည် ငြိမ်းချမ်းသာယာ၏။ အခြေအနေအားလျော်စွာ သင်္ဂဟတရားကျင့်သုံးသူတို့သည် စိတ်ချမ်းသာ၏။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာတွင် သင်္ဂဟတရားသည် အလွန်အရေးကြီး၏။ သင်္ဂဟတရားလေးပါးဖြစ်သည့် ဒါန-ပေးကမ်းချီးမြှင့်ထောက်ပံ့ခြင်း၊ ပေယျဝဇ္ဇ- ချစ်ဖွယ်စကားဖြင့် ချီးမြှင့်ခြင်း၊ အတ္ထစရိယာ- သူ့အကျိုးပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊ သမာနတ္တတာ- ကိုယ်နှင့်ထပ်တူ ချီးမြှင့်ခြင်းတို့သည် လောကမင်္ဂလာတရားများဖြစ်သည်။
Jul 21, 2026
​​​​​​​မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်မှလွတ်မြောက်၍ အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံအဖြစ် ကြေညာသည့်အခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူ၍ ကမ္ဘာသိကြေညာခဲ့သည်။နယ်ချဲ့လက်အောက်သို့မရောက်မီကိုယ့်မင်းကိုယ့်ချင်း နိုင်ငံဘဝတွင်လည်း မြန်မာနိုင်ငံသည် ပဒေသရာဇ်စနစ် ပြည်ထောင်စုနိုင်ငံပင် ဖြစ်ခဲ့သည်။
Jul 20, 2026
နိုင်ငံတစ်နိုင်ငံ၏ဝင်ငွေတိုးတက်ရေးတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေအများဆုံးရရှိနေသည့်နိုင်ငံများက ဖော်ဆောင်နေသည်။ မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံငါးနိုင်ငံတွင် ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ခရီးသွားလုပ်ငန်းမှ ဝင်ငွေအများဆုံးရရှိနေသည့် နိုင်ငံများဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများက ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သည့်စီးပွားရေးလုပ်ငန်းဟု တင်စားခေါ်ဆိုကြသည်။ ခရီးသွားလုပ်ငန်းကိုအကြောင်းပြု၍ ကဏ္ဍပေါင်းစုံမှ ဝင်ငွေများအဆက်မပြတ်ရရှိပြီး နိုင်ငံ့စီးပွားရေး၊ လူမှုစီးပွားဘဝ အစဉ်ပြေချောမွေ့လျက်ရှိသည်။
Jul 20, 2026
“ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့” ဟူသည့် ခေါင်းစဉ်နှင့်ဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်ကကျင်းပရာ အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ဝါစိုက်ပျိုးမှု များပြားရာဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၏မြို့တော် မကွေးမြို့တွင်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် ဝါစိုက်တောင်သူများ၊ ဝါမျိုးစေ့ထုတ်လုပ်သူများ၊ ဝါစေ့ဆီထုတ်လုပ်သူများ၊ ဝါဂွမ်းထုတ်လုပ်သူများ၊ ချည်ထုတ်လုပ်သူများ၊ ရက်ကန်းလုပ်ငန်းများ၊ ဂျင်ခုံလုပ်ငန်းများ စသည်ဖြင့် ဝါလုပ်ငန်းဆိုင်ရာ အစုအဖွဲ့အလိုက် တောင်သူများနှင့် လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
Jul 19, 2026
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ အတွင်းဝန်ဦးအုန်းမောင်နှင့် သက်တော်စောင့် ကိုထွေးတို့ကို မသမာသူအကြမ်းဖက်သမားတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသောနေ့ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ (၇၉) နှစ်ရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ထက်တိုင် မမေ့နိုင်သေးဘဲ ထာဝစဉ်အောက်မေ့သတိရ လေးစားတန်ဖိုးထားနေဆဲဖြစ်သည်။
Jul 19, 2026
“ပြည်ထဲအရေး ပေါက်နဲ့ကျေး’’ ဟု နိုင်ငံရေးကို ရှေးကဆိုကြသည်။ “ကြက်ဥအရောင်၊ တိမ်တောင်သဖွယ်မင်းရေးကျယ်သည်’’ ဟုလည်း ဆိုကြသေးသည်။ သို့ဖြစ်ရာ နိုင်ငံရေးဟူသည် ရောထွေးမှုများ၊ လှည့်ဖြားမှုများ၊ မာယာပရိယာယ်များ၊ နားမလည်နိုင်ဖွယ်များ၊ မိမိတို့ လက်လှမ်းမမီသည့် အရေးအရာများဟူ၍ မြန်မာလူမျိုးအများစုတို့က ယေဘုယျအားဖြင့် နားလည်လက်ခံထားကြခြင်းဖြစ်သည်။ အမှန်တကယ်အားဖြင့်လည်း နိုင်ငံရေး၏ သဘောသဘာဝများက ဤသို့ပင်ဖြစ်နေရာမှားသည်ဟု မဆိုသာ။
Jul 18, 2026
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံသားအားလုံး ပညာရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်ရေးသည် ပဓာနကျသည့်အချက်များဖြစ်သည်။ ထို့ကြောင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်မှုလုပ်ငန်းများအတွက် မူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုအား တိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်စေရန်နှင့် မြို့ပြနှင့် ကျေးလက်ပါမကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ပေးနိုင်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။
Jul 18, 2026
မြန်မာနိုင်ငံလူဦးရေ၏ ၄၆ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုစာရင်းတွင် ပါဝင်လျက်ရှိကြောင်း ကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်က အဆိုရှိသည်။ ဆင်းရဲနွမ်းပါးမှုဟုဆိုရာတွင် အဓိကအားဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို တွက်ချက်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သော ကျေးလက်နေပြည်သူများ၏ စီးပွားရေးတိုးတက်မှသာလျှင် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျော့ကျနိုင်မည်ဖြစ်သည်။
Jul 17, 2026
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရေအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် တောင်သူလယ်သမားများ ဖြစ်ကြသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ တောင်သူလယ်သမားအများစုသည် ရှေးအစဉ်အဆက်ကတည်းက စိုက်ပျိုးရေးလုပ်ငန်းများကို မိရိုးဖလာဓားမဦးချ ပုံမှန်လုပ်ကိုင်ကြသည်။ မျက်မှောက်ကာလတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ နိုင်ငံတော်၏ အားပေးကူညီမှုဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ရှေးယခင်ထက် တိုးတက်လုပ်ဆောင်လာနိုင်ကြသည်။
Jul 17, 2026
လူနာများအား အနီးကပ်စောင့်ကြည့်ပြုစုရေး၊ ကိုယ်ဝန်ဆောင်၊ သားဖွားနှင့် မွေးဖွားပြီးချိန် မိခင်နှင့် ကလေးများ၏ကျန်းမာရေး၊ ဆရာဝန်မရှိသော ကျေးလက်ဒေသများတွင် အရေးပေါ်ပြုစုကုသရေး၊ ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးရေးစသည်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် သူနာပြု၊ သားဖွားတို့၏ အခန်းကဏ္ဍမှာ အရေးကြီးသည်။ သူနာပြုသိပ္ပံ (နေပြည်တော်) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ သူနာပြုသိပ္ပံများ စုစုပေါင်း ၁၅ ခုကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် တစ်ပြိုင်နက်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ရာ နိုင်ငံအတွက် လိုအပ်သည့် သူနာပြုနှင့် သားဖွားကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို တိုးမြှင့်လေ့ကျင့် မွေးထုတ်ပေးနိုင်တော့မည်ဖြစ်သည်။