Skip to main content

မင်္ဂလာဒုံမြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်းသူရိယ လှသောင်းကျောင်း) ၏ ၂၀၂၂-၂၀၂၃ ပညာသစ်နှစ် ပညာရည်ချွန် ဘက်စုံထူးချွန်ဆုပေးပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်းသူရိယလှသောင်းကျောင်း) ၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်ပညာရည်ချွန် ဘက်စုံထူးချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ အောင်ဆန်းသူရိယလှသောင်း ကျောင်းခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးကအမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြ သူများကကျောင်းသားကျောင်းသူများ၏ သီဆိုကပြမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဘက်စုံပညာရည်ချွန် ဆုရရှိသူများ၊ သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည် (ဗဟိုအဆင့်) ဆုရရှိသူများ၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်တွင် မြို့တော်ဝန် ဖလားဆုရ ကျောင်းသားကျောင်းသူများ၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ၌ အတီးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် KG တန်းမှ Grade-11 အထိဆုရရှိသော ကျောင်းသားကျောင်းသူများ၊ မြို့နယ်/ခရိုင်/တိုင်းအဆင့် ထူးချွန်ဆုရကျောင်းသားကျောင်းသူများနှင့် ခွင့်ပျက်ရက်မရှိ ကျောင်းတက်ရက်မှန်ဆုရရှိသော ဆရာဆရာမများအားဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

သတင်းစဉ်