နိုင်ငံတော်သမ္မတ

Oct 26, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စစ် အင်န် အဲလစ်ဇဘက် လုဝီမားသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
Oct 26, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စစ် ဟင်းလ်ဒါ ဆူလ်ဘတ်ကန်သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
Sep 01, 2020

နေပြည်တော် စက်တင်ဘာ ၁

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာ နိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတ
Aug 24, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက် ၈ နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှ ပါဝင် တက်ရောက်သည်။
Aug 19, 2020
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC – 2)၌ ကျင်းပသည်။
Aug 10, 2020
၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူး ကုန်စည်ခွန်အများဆုံး ပေးဆောင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
Aug 08, 2020
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ နမ့်စန် - မိုင်းပျဉ်း- ကျိုင်းတုံ မဟာဓာတ်အားလိုင်း (၁၅၁ ဒသမ ၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ မိုင်းပျဉ်းပင်မ ဓာတ်အားခွဲရုံ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင် ပို့လွှတ်ခြင်း အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် မိန့်ခွန်းပြောကြားသည်။
Aug 08, 2020
ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ (၅၃)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဤနေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံးနှင့် အာဆီယံပြည်သူတစ်ရပ်လုံး ကောင်းကျိုး ချမ်းသာမင်္ဂလာအပေါင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ အာဆီယံနှစ်ပတ်လည်နေ့သည် အားလုံးပါဝင်ပြီး စည်းမျဉ်းကို အခြေခံ၍ ပြည်သူကိုမျက်နှာမူ၊ ဗဟိုပြုသည့် တစ်ခုတည်းသော အသိုက်အဝန်း ဖြစ်လာစေရန် ဒေသတွင်းအသွင်ကူးပြောင်းမှုတွင် မိမိတို့အနေဖြင့် မည်သည့် အတိုင်းအတာအထိ အောင်မြင်မှုရရှိခဲ့သည်ဆိုခြင်းကို ပြန်လည်သုံးသပ်ရန် အခွင့်အခါကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။