Skip to main content

Jul 15, 2026

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး၊ ခရိုင်တရားရုံးများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီတို့သည် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့သို့ တက်ရောက်လေ့လာသည့် မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီမှ ဗဟိုကော်မတီဝင် သိက္ခာတော်ရဆရာ ဒေါက်တာမောရစ်လျန်နာနှင့် တွဲဖက်အတွင်းရေးမှူး (၁) သိက္ခာတော်ရဆရာ ဦးစောချစ်မျိုးတို့ ဦးဆောင်သည့်အဖွဲ့အား လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ အဝင်ခရီးသည်များအနေဖြင့် သယ်ဆောင်လာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ကပေးပို့လာသော ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၂၆ ခုနှစ်) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၂၆ ခုနှစ်) တို့နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

သံအမတ်ကြီး ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

အသိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

ဝါစိုက်တောင်သူများနှင့် ဝါမျိုးစေ့ထုတ်ရောင်းချသူများ လိုက်နာရန် သတိပေးထုတ်ပြန်ခြင်း

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

ယခုနှစ်ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် အယ်လ်နီညိုအဆင့်အထိ ရောက်ရှိလာနိုင်သည်ဟု မိုးလေဝသဌာနများက ခန့်မှန်းထားသည်။ ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက်၌ အပူဆုံးနှစ်ဖြစ်လာမည်ဟုလည်း ခန့်မှန်းထားကြသည်။ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်များကြောင့် မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍများ၌ ဆိုးကျိုးသက်ရောက်မှုများရှိလာနိုင်သည့်အတွက် နိုင်ငံတော်သမ္မတက အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ထားရန် အသိပေးထားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်အတွင်း ဓာတ်အားပျောက်ဆုံးမှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးမှု မပြုနိုင်သည့်အပြင် နေ့စဉ်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေရသည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားခွဲရုံတို့မှ ပို့လွှတ်လိုက်သော လျှပ်စစ်ဓာတ်အားများသည် နည်းပညာအရလည်းကောင်း၊ ခိုးယူသုံးစွဲမှုများအရလည်းကောင်း ပျောက်ဆုံးနေသည့်အပေါ် လျော့နည်းပပျောက်သွားစေရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်စန်းစန်းနွယ်၊ ဒေါက်တာသန့်ဇော်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2026

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၂ ထပ် အဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 14, 2026

အမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် တရုတ်နိုင်ငံသို့ ပို့ဆောင်၍ ငွေကြေးအကျိုးအမြတ်ရယူရန် ဆောင်ရွက်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2026

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2026

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ချင်းပြည်သစ် ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးစိုးထက် (ခေါ်) ဆလိုင်းမဲလုနှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2026

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် (၂) ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်အတွင်း၌ သီတင်းသုံးလျက်ရှိသည့် စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ဆရာတော်အားသတ်ဖြတ်၍ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ငွေကျပ်ငါးသိန်းလုယက်ယူဆောင်သူ တရားခံငါးဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2026

ကလေးမြို့၌ ငွေကျပ် ၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ခုနစ်သိန်းဖမ်းဆီးရမိ၍ တရားခံများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2026

သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၁၃၈၈ (၂၀၂၆ ခုနှစ်)၊ (၃၂) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကြီးကို တစ်ပြည်လုံးရှိ ခွင့်ပြုစာဖြေဌာန ၇၈ ဌာနတို့၌ ၂၀၂၆ ခုနှစ် ဇွန် ၅ ရက် (သောကြာ) နေ့မှ ဇွန် ၉ ရက် (အင်္ဂါ) နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဇူလိုင် ၁၂ ရက်တွင် ဖလမ်းမြို့နယ်ရှိ စပျစ်ဝိုင်ပြုလုပ်နေမှုများ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းနှင့် အသေးစားအိမ်တွင်းလက်မှုလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်