Oct 26, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် တက်ရောက်ကုသနေသော(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရုပ်သေးအကဲဖြတ် ပညာရှင်အဖြစ် ဆောင်ရွက်ရန်ရောက်ရှိနေသည့် ရုပ်သေးအကဲဖြတ်ပညာရှင် ဦးစိန်ထွန်းကြည် အသက် (၈၄)နှစ်ကို သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသည်။
Oct 26, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip-FAM Trip) အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်သည့်ခရီးစဉ်တွင် လိုက်ပါလာသည့် ရုရှားခရီးသွားကိုယ်စားလှယ်များအား ယနေ့ နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်၍ အမှတ်တရပန်းစည်း ပေးအပ်သည်။
Oct 26, 2023
၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံပညာသင်ရိုးသစ်နှင့် လိုက်လျောညီထွေဖြစ်မည့် အဆင့်မြင့်ပညာသင်ရိုးသစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 26, 2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ပြိုင်ပွဲအစီအစဉ်များကို ပြည်ထောင်စုနယ်မြေအတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တို့တွင် အကောင်းဆုံးစွမ်းဆောင်ခဲ့ပြီး ဗဟိုအဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်သော ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
Oct 26, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် စေတနာသွေးလှူရှင်များသည် ယနေ့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စုပေါင်းပြီး သွေးလှူဒါန်းကြရာ နေပြည်တော် ခုတင်(၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးသို့ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး သွားရောက် ကြည့်ရှုအားပေးသည်။
Oct 26, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 26, 2023
အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ရိုးရာအနုသုခုမပညာရပ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိသည်။
Oct 26, 2023
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်း ဖြစ်ပေါ်နိုင်
Oct 26, 2023
ယနေ့ နံနက် ၃ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” အဖြစ်သို့ အားလျော့သွားခဲ့ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့ တောင်ဘက်အနီးမှ ဖြတ်ကျော်လျက်ရှိသည်။
Oct 26, 2023
၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 26, 2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေ ကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
Oct 26, 2023
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၃) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
Oct 26, 2023
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်အခြေပြုကြီးကြပ်စစ်ဆေးခြင်း (AML/CFT Risk Based Supervision) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
Oct 26, 2023
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေသည့် အနုသုခုမပညာရပ်များအား ထုတ်ဖော်ပြသယှဉ်ပြိုင်ကြသည့် ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ခမ်းနားထည်ဝါ ဂုဏ်ယူဖွယ်ရာ အခင်းအကျင်းများဖြင့် အောင်မြင်စွာကျင်းပနေပြီဖြစ်သည်။
Oct 26, 2023
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Oct 26, 2023
နှစ်စဉ် အောက်တိုဘာလ၏ စတုတ္ထပတ်သည် ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှု ရက်သတ္တပတ်ဖြစ်သည်ဟု ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) က သတ်မှတ်ထားသည်။ ၁၇ ရာစုတွင် ပေါ်ပေါက်လာခဲ့သော သတင်းစာများမှသည် ရေဒီယို၊ ရုပ်မြင်သံကြားအစရှိသော အများပြည်သူထံ သတင်းအချက်အလက်ဖြန့်ချိပေးသည့် နည်းလမ်းများသည်လည်း မီဒီယာများပင်ဖြစ်သည့်တိုင် အင်တာနက်ခေတ်သို့ရောက်မှ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု (Media and Information Literacy)က ကမ္ဘာနှင့်ချီ၍ ကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။
Oct 26, 2023
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် စေတနာသွေးလှူရှင်များသည် ယနေ့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စုပေါင်းပြီး သွေးလှူဒါန်းကြရာ နေပြည်တော်ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သွားရောက်ကြည့်ရှုအားပေးသည်။
Oct 26, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အီဂေါမီရှုသ်ကင် (Lieutenant General Igor MISHUTKIN) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Oct 26, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခံရသည့် မစ္စတာအီစ်ကန်ဒဲအာဇီဇော့ဖ်အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 26, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Is-kander Azizov သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
