Aug 07, 2026
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု (Unit Losses) လျော့နည်းရေးက အဓိကအချက်ဖြစ်ပါသည်။ လျှပ်စစ်ဌာန၏ ဝင်ငွေရရှိမှုအရှုံး၊ အမြတ်သည် ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်းပေါ်တွင်လည်း မူတည်နေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဓာတ်အားပျောက်ဆုံးမှုရာခိုင်နှုန်းမြင့်မားမှုတွင် တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် အရေးပါသောအချက်တစ်ခုဖြစ်ပါသည်။
Aug 07, 2026
ပုဂ္ဂလိကပညာရေး ဥပဒေ၊ ညွှန်ကြားချက်နှင့် တာဝန်ဝတ္တရားများ မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူခွင့်များကို ကာကွယ်စောင့်ရှောက်ရေးနှင့် ပညာရေးအရည်အသွေး အာမခံနိုင်ရေးတို့အတွက် ပညာရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များကို ပြဋ္ဌာန်းထားရှိပြီးဖြစ်သည်။
Aug 06, 2026
လူ့ဘဝသက်တမ်းရဲ့တစ်ဝက်ကျော် နေထိုင်လာပြီးတဲ့နောက်မှာ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ဘဝခရီးကို ပြန်တွေးမိတယ်။ ကောင်းတာတွေလည်းပါရဲ့၊ မကောင်းတာတွေလည်းပါရဲ့၊ အောင်မြင်တာ ကျရှုံးတာ၊ အနိမ့်အမြင့်၊ အတက်အကျ၊ အကွေ့အကောက်တွေလည်း ပါတာပေါ့။
Aug 06, 2026
၂၁ ရာစု ဒီဂျစ်တယ်နှင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ပညာရေးကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် လူ့စွမ်းအားအရင်းအမြစ်တည်ဆောက်ရေးအတွက် အရေးပါဆုံးသော အခြေခံမဏ္ဍိုင်တစ်ရပ် ဖြစ်လာပါသည်။ ယနေ့မိဘများနှင့် ကျောင်းသားလူငယ်များသည် ကမ္ဘာ့အဆင့်မီ အသိပညာ၊ ဘာသာစကားကျွမ်းကျင်မှု၊ နည်းပညာအသုံးချနိုင်မှုနှင့် နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ၊ နိုင်ငံတကာတက္ကသိုလ်၊ တက္ကသိုလ်ပူးပေါင်းအစီအစဉ်များနှင့် အရည်အသွေးမြင့် ပညာရေးဝန်ဆောင်မှုများကို ပိုမိုစိတ်ဝင်စားလာကြသည်။
Aug 05, 2026
ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုမြှင့်တင်ရေးဥပဒေ”ကို ပြဋ္ဌာန်းကျင့်သုံးခဲ့ပါသည်။ ဤဥပဒေသည် အဓိကကျသောအောင်မြင်မှုကြီး သုံးရပ်ကို “ပထမဆုံးအကြိမ်” ဖော်ဆောင်နိုင်ခဲ့ပါသည်။
Aug 04, 2026
၂၁ ရာစု အသိပညာအခြေပြုလူ့အဖွဲ့အစည်း တည်ဆောက်ရေးတွင် စာဖတ်ခြင်းအလေ့အထသည် လူတစ်ဦးချင်းစီ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု၊ ဝေဖန် ဆန်းစစ်နိုင်စွမ်း၊ ဖန်တီးတီထွင်နိုင်စွမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံကျသော အခန်းကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေပါသည်။
Aug 04, 2026
မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများသည် လူမှုအသိုင်းအဝိုင်းအတွင်း အများဆုံးဖြစ်ပွားလေ့ရှိသည့် ပြဿနာများဖြစ်ပြီး ယင်းအငြင်းပွားမှုများကို ဥပဒေအရ မှန်ကန်စွာ နားလည်သဘောပေါက်ခြင်းမရှိပါက တရားမမှုများ ကြန့်ကြာခြင်း၊ ကုန်ကျစရိတ် များပြားခြင်း၊ နစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
Aug 03, 2026
ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍများ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ်မူတည်၍ ကမ္ဘာ့စိုက်ပျိုးမွေးမြူ ရေးဆိုင်ရာ ထိပ်တန်းရောက်နိုင်ငံ ဖြစ်နေခြင်းဖြစ်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေး ပညာသင်ကြား၊ သုတေသနများ (Australian Agricultural Research and Education) ဆောင်ရွက်နေမှုတို့ကို လေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။
Aug 03, 2026
အငြိမ်းစားမိဘပြည်သူများက နိုင်ငံ့ဝန်ထမ်းဘဝတစ်လျှောက် နိုင်ငံ့ဝန်ထမ်းတာဝန်များကို နှစ်ပြည့်/သက်ပြည့် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးနောက် ရရှိလာသည့်ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ထုတ်ယူလေ့ရှိရာ မြန်မာ့စီးပွားရေးဘဏ်သည် အငြိမ်းစားများ၏ ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို ၁-၁၀-၁၉၇၂ ရက်နေ့မှစ၍ တာဝန်ယူဆောင်ရွက်ခဲ့ရပြီး ကာကွယ်ရေးပင်စင်၊ မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်၊ မြန်မာ့စီးပွားရေးဘဏ်ပင်စင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ပင်စင်ဟူသည့် ပင်စင်အမျိုးအစား (၅) မျိုးဖြင့် ထုတ်ပေးလျက်ရှိပါသည်။
Aug 03, 2026
“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဆိုသည့် ဆိုရိုးစကားသည် ခေတ်အဆက်ဆက် မှန်ကန်နေသည့် အမှန်တရားတစ်ခုဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အကျဆုံးသော အင်အားစုမှာ ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်ပင်ဖြစ်ပါသည်။ ကျန်းမာရေးနှင့်ပြည့်စုံသော လူ့အဖွဲ့အစည်းသည်သာ ကုန်ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်နိုင်ပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်စေနိုင်ပါသည်။
