Skip to main content

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ကြိုဆိုဂုဏ်ပြုပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၄

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၃) နှစ်မြောက် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ထူးချွန်ဆုရရှိသူဝန်ထမ်းများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျေပွန်စွာထမ်းဆောင်နေ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမောင်​မောင်အုန်းက တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဦးစီးမှူးများနှင့် သင်တန်းများ၊ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများအား ယခုကဲ့သို့ တွေ့ဆုံအားပေးခွင့်ရရှိခဲ့သည့်အတွက် လွန်စွာဝမ်းမြောက်မိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို တာဝန်ကျနယ်မြေအသီးသီးတွင် ကျေပွန်စွာ ထမ်းဆောင်နေကြသည့်အတွက် အားရကျေနပ်မိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များသည် သာမန်အားဖြင့် ပိတ်ရက်/ နားရက်မရှိဘဲ ပြည်သူများကို အကျိုးပြုရသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများစိတ်ဓာတ်နှင့် စေတနာကောင်းမွန်အောင် ပြုကျင့်ဆောင်ရွက်ပေးကြစေလိုကြောင်း။

ထောက်ပံ့ငွေများပေးအပ်

နိုင်ငံတော်ဝန်ကြီးချုပ်က နယ်စပ်ဒေသများရှိဝန်ထမ်းများနှင့် အမြဲမပြတ်ထိတွေ့၍ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်ထားပါကြောင်း၊ မိမိတို့ကျရာ နေရာများတွင် နိုင်ငံတော်အစိုးရ၏ဦးတည်ချက်၊ ရည်မှန်းချက်များအောင်မြင်စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ အထူးသဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် သတင်းတု/ သတင်းမှားများတိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်သူများပူးပေါင်းဆောင်ရွက်စေရန် မီဒီယာနည်းလမ်းများဖြင့် စည်းရုံးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး နယ်စပ်ဒေသအသီးသီးရှိ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ကာ ညစာအတူတကွသုံးဆောင်ခဲ့ကြသည်။

သတင်းစဉ်