Skip to main content

Oct 25, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်ထိကာလအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ (Live Firing) ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀၊ Point C မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့်ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အများပြည်သူ ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များဖြစ်သည့် သီတင်းကျွတ်ပွဲတော်ကာလအတွင်း ရထားစီး ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-ပုဂံ အထူးရထားများကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၄-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၀၀၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၇) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ယနေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဟမွန်းသည် အရှေ့ - အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ သံတွဲမြို့၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၁၄၀ ခန့်၊ မောင်တောမြို့၏ အနောက်ဘက် ရေမိုင် ၁၀၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ဒီဂါမြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၇၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၈၀ ခန့်နှင့် စစ်တကောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (The Union of Myanmar Bamar Ethnic Entrepreneurs Association- UMBEEA) နှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်က ကျင်းပရာ UMBEEA ၏ ဥက္ကဋ္ဌ ဦးကျော်ဒေဝက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

မန္တလေးမြို့နန်းမြို့ရိုးနှင့် ကျုံးရေပြင်ကြား ရတနာပုံဥယျာဉ်တွင်ပြုလုပ်မည့် မြန်မာ့ရိုးရာသီတင်း ကျွတ် မီးထွန်းပွဲတော်ကို ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ စည်ကားသိုက်မြိုက်စွာ ကျင်းပရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က မဲဆန္ဒရှင်ပြည်သူ များနှင့်တွေ့ဆုံ၍ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇေယျာသီရိမြို့နယ်၌ ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၂၃ ရက် ညနေပိုင်းတွင် ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော်ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ပြုလုပ်ရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ သစအဓမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏ ပဝရ သီရိမဟာ ဓမ္မာဂုရု လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

အောက်တိုဘာ ၂၃ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ သည့် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက် အလက်သိနားလည်မှု ရက်သတ္တပတ် (Global Media and Information Literacy Week 2023) လှုပ်ရှားမှုအဖြစ် နေပြည်တော် တပ်ကုန်းမြို့နယ် (ရွှေမြို့) အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကြီးကြပ်သူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၅၅ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လာရောက်ကြည့်ရှု လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၉ ရက်က ကံပိုင်တည်ကုန်သွယ်ရေးစခန်း၊ မြန်မာ-တရုတ်နယ်စပ်ချစ်ကြည်ရေး လိုဏ်ဂူအနီး(မြန်မာဘက်ခြမ်း)၌ ပိုင်ရှင်မဲ့ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့်

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် အောက်တိုဘာ ၂၂ ရက်တွင် ဝါးခယ်မမြို့နယ် ရွှေလောင်းကျွန်းပတ်တာအတွင်းရှိ ထော်ကနွတ် ရေထိန်းတံခါးကို ကြည့်ရှုစစ်ဆေးပြီး ရေသွင်း၊ ရေထုတ် ပုံမှန်ဆောင်ရွက်နိုင်ရေး၊ မိုးစပါးများ ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်နှင့် နွေစပါးရေရရှိရေးအတွက် ရေသိုလှောင်ပေးသွင်းနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ရိုးရာအနုသုခုမပညာရပ်များကို ဖော်ထုတ်နိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ဂုဏ်သိက္ခာကို တန်ဖိုးထားထိန်းသိမ်းနိုင်ရန်အတွက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

အောက်တိုဘာ ၂၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု ရက်သတ္တပတ် (Global Media and Information Literacy Week 2023) လှုပ်ရှားမှုအဖြစ် နေပြည်တော်တပ်ကုန်း မြို့နယ် (ရွှေမြို့) အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကြီးကြပ်သူဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၅ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော် (တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လာရောက်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်အလုပ်ဌာန ၁၁၄၁ ဌာနနှင့် အာမခံအလုပ်သမား ၃၇၁၀၄ ဦးတို့အား အကျုံးဝင်မှတ်ပုံတင်ထားရှိပြီး လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သာကေတမြို့နယ်မှ အကျုံးဝင် မှတ်ပုံတင်ထားသည့် တက်လမ်းကွန် ကရစ်ကုမ္ပဏီအလုပ်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အာမခံအလုပ်သမား ဦးဖိုးလပြည့်၏ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကို အောက်တိုဘာ ၂၄ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးရုံး၌ပြုလုပ်ရာ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဦးသိန်းနွဲ့ဦး၊ တွံတေးမြို့နယ် လူမှုဖူလုံရေးရုံး ရုံးခွဲတာဝန်ခံနှင့် အလုပ်ဌာနမှ တာဝန်ရှိသူများ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ကွမ်ရှီး ရေဒီယိုနှင့်ရုပ်မြင်သံကြားဌာန သို့လည်းကောင်း၊ ကွမ်ရှီးရေဒီယိုနှင့် ရုပ်မြင်သံကြားဆိုင်ရာ  သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုဌာနသို့ လည်းကောင်း သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

မြန်မာနိုင်ငံဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃-၂၀၂၄) ကြိမ် မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်း က နည်းပညာတက္ကသိုလ် (မန္တလေး)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးမြို့ရှိ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ အစိုးရ နည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများမှ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဒေသခံ MSME လုပ်ငန်းရှင်များနှင့် ပြည်သူများကို Hybrid စနစ်ဖြင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်