Skip to main content

Feb 22, 2020

သာစည် ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဥသျှစ်ကုန်းကျေးရွာအုပ်စု ဥသျှစ်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးနှင့် ကျေးရွာတွင်း (VDP) ကွန်ကရစ်လမ်းဖွင့်ပွဲ၊ သဲပုံကျေးရွာအုပ်စု သဲပုံ၊ ရင်ဇင်း၊ သဲကုန်းကျေးရွာ၊ သာဂရကျေးရွာအုပ်စု သာဂရကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲများကို  ယမန်နေ့က  အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

မိုဘိုင်းဖုန်းစစ်တမ်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်မှာ မိုဘိုင်းဖုန်း အသုံးပြုနေ ကြသည်။ အသက်အရွယ်အားဖြင့် ဆိုလျှင် ၁၅ နှစ်မှ ၆၅ နှစ်အတွင်း အသုံးပြုမှု ပိုမိုများပြားပြီး ထိုထက်မကပင် ပိုမိုနိုင်သည်။ မြန်မာနိုင်ငံမှ ဆက်သွယ်ရေးဖုန်း အော်ပရေတာများသည် ပြည်သူ လူထုအား မိုဘိုင်းဖုန်းဆင်းမ်ကတ် သန်း ၅၀ နီးပါးရောင်းချပြီးဖြစ်ရာ အသုံးပြုသူ လူတစ်ဦးလျှင် ဆင်းမ်ကတ်တစ်ခုမက ကိုင်ဆောင်ထားသည့် အနေအထားရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

မန္တလေး   ဖေဖော်ဝါရီ   ၂၂

အထက်မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များ ဆန်းသစ်တီထွင် ဖန်တီးထားသည့် နည်းပညာရပ်ဆိုင်ရာပစ္စည်းများနှင့် လက်မှုဆိုင်ရာ ပစ္စည်းများ စုပေါင်းပါဝင်ပြသသည့် MakerFest Myanmar 2020 ပွဲတော်ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ Jefferson Center တွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ  ၂၂

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက် ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာတွင် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက် ဆက်သွယ်ရေးအရာရှိ (International Health Regulation (IHR) focal point) များနှင့် ချိတ်ဆက်၍ သတင်းပေးပို့ဖလှယ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ   ၂၂

တပ်မတော် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၂

မောင်တောမြို့နယ် လောင်းဒုံချောင်း တံတားအောက်မှ လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိသဖြင့်  သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် စပယ်ကုန်းကျေးရွာအနီး ၊ လောင်းဒုံ - ငါးခူရကားလမ်းမှ  အရှည် ပေ ၆၀၊ အကျယ် ၁၆ ပေ ခန့်ရှိ လောင်းဒုံချောင်း ကွန်ကရစ်တံတား အောက် ယက်မ နှစ်ခုအကြား (ငါးခူရဘက်ခြမ်း တံတားချဉ်းကပ်လမ်းထိပ်) ၌ မိုင်းဟု ယူဆရသော အထုပ်တစ်ထုပ် တွေ့ရှိ သဖြင့် တာဝန်ရှိသူများက  ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက သွားရောက် စစ်ဆေးခဲ့ကြောင်း။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

မြစ်ကြီးနား   ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများမှ ကျောင်းသား/သူများ၏ စွမ်းရည် ပြသပွဲ (Student’s Talent Show Kachin State -2020) ကို ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား/သူများ၏ တင်ပြမှုအပေါ် ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းတွင် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော်   ဖေဖော်ဝါရီ  ၂၂

မကွေးတိုင်းဒေသကြီးအတွင်း Coronavirus Desease (COVID-19)  လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

၁။ မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော SIM Card များဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှုများကို လျှော့ချနိုင်ရန်၊ မိုဘိုင်းဖုန်းသုံးစွဲသူများက မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ဆောင်ရွက်မှုကို တာဝန်ခံနိုင်စေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် SIM Card မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာကျင့်စဉ် (Code of Practice for Mobile Service User Registration) ကို ထုတ်ပြန်၍ စနစ်တကျ မှတ်ပုံတင်နိုင်ရေး မိုဘိုင်းအော်ပရေတာများသို့ အကြိမ်ကြိမ် ညွှန်ကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၂၂

၁။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

နွေပေါက်လာပြီဆိုသည်နှင့် မြန်မာပြည်တစ်လွှားတွင် သစ်ပင်ကိုင်း ဖျားတို့ပေါ်က ဥဩသံချိုမြမြကို ကြားရပြီ။ စိမ်းရွက်သစ်ပုရစ်ဖူးနုများနှင့် ရွက်ဝါဏ်ကြွေတို့ ပြိုင်တူစုံဖက် လင်းလက်ဝင်းဝါသော၊ လှပလင်းပွင့်သော အချိန်အခါသမယ ဖြစ်ပေသည်။

သည်လိုအချိန် လမ်းမများထက်က ရှည်ရှည်လျားလျား ဆွဲငင်လိုက်သော မီးသတ်ဥဩသံများကမူ နိုင်ငံသားတို့အဖို့ စိုးရိမ် ထိတ်လန့်စရာများ၊ ပူပင်စရာများနှင့် ခြောက်ခြားနေစေပေသည်။

မီးဘေးအန္တရာယ်သည် မြန်မာနိုင်ငံအဖို့ နှစ်စဉ် တစ်နှစ်ပတ်လုံး လိုလို ခြိမ်းခြောက် နေသည်ဖြစ်သော်လည်း ယခုလို နွေပေါက်လာပြီ ဆိုလျှင်ဖြင့် ပို၍စိုးရိမ်နေရသည်မှာ အမှန်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

မုံရွာ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့ နံနက် ၉ နာရီက ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဆင်နင်းကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း၌ ကျင်းပပြုလုပ်သော ဆင်နင်းဗိုလ် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၁

သတ္တမအကြိမ် မြန်မာ-ဂျပန် လူ့အခွင့်အရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယလက်ထောက်ဝန်ကြီးနှင့် ကုလသမဂ္ဂရေးရာ တာဝန်ခံသံအမတ်ကြီး မစ္စတာ Osamu Yamanaka တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၁

၂၀၁၉ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုများအတွက် စာမူပေးပို့ရန် နောက်ဆုံးတင်သွင်းရမည့်ရက်ကို မူလက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကို သတ်မှတ်ထားသော်လည်း ယခုအခါ ပြိုင်ပွဲဝင်စာမူ တင်သွင်းရန် နောက်ဆုံးရက်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက်အထိ တိုးမြှင့် လိုက်ကြောင်း သိရသည်။

ပခုက္ကူစာပေဆုတွင် သတ်မှတ်ထားသည့် ဘာသာရပ် (၅) မျိုးအတိုင်း ပြိုင်ပွဲဝင်စာမူများကို ဖော်ပြထားသော စည်းကမ်းချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်နိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၁

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူ ဆုအဖွဲ့ကြီး (၁/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စာပေဗိမာန် စာမူဆုရ စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)က အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၂၂

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း နိုင်ငံတော် ဓာတ်အားစနစ် မရောက်ရှိသေးသော ကျေးရွာ(၁၇)ရွာသို့ မာန်မြင့်ဟိန်းကုမ္ပဏီလီမီတက်မှ (၂၄)နာရီပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် ၈နာရီက တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ ဘောလုံး အားကစားကွင်း၌ ပြုလုပ် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

နေပြည်‌တော် ဖေဖော်ဝါရီ ၂၁          

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် သန်လျင် - သီလဝါ တိုးချဲ့လမ်းမကြီး စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် သန်လျင်မြို့နယ်၊ သန်လျင် တံတားအနီးတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

နေပြည်တော် ဖေဖော်ဝါရီ  ၂၁

 

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၂/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၁

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံ များနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကျောင်းသား ကျောင်းသူတို့ ကြိုးစားနေကြပြီ။ တစ်နှစ်တာ သင်ယူလေ့လာ ကျက်မှတ်ခဲ့သမျှ ဘာသာရပ်အလိုက် သင်ခန်းစာများကို ကျောင်းသား ကျောင်းသူ တို့ မည်မျှနားလည် တတ်မြောက်ခဲ့ပြီ လဲဟူသည်ကို မကြာမီ ကျင်းပတော့မည့် စာမေးပွဲက ဆန်းစစ်မှာ ဖြစ်ရာ ယခုအချိန် ကာလသည် မိမိတို့တစ်ဦးချင်းဆီတွင် လိုအပ်နေသည့် အားနည်းချက်များကို ဖြည့်ဆည်းနိုင်သည့် အချိန်ပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်