Skip to main content

KIA အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်း နင်းမိပေါက်ကွဲသဖြင့် ဒေသခံ ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော် မေ ၁၆

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကွမ်ဘန်ကျေးရွာအုပ်စု ဝဝမ် ကျေးရွာနေ ဦးတူးမိုင်(ဘ)ဦးခန့် ဂျယ်လရစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခေါန်ရာတို့ သည် မေ ၁၅ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင်တောင်ယာသို့သွားရောက်စဉ် ကျေးရွာ၏ အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာသို့အရောက်၌ KIA အဖွဲ့မှ ထောင်ထားသည့် နှင်းမိုင်း နှစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါမိုင်းထိလူနာကို ဗန်းမော်ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်