Skip to main content

ကိုဗစ်-၁၉ ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေး

နေပြည်တော် မေ ၁၇ လူမှုဝန်ထမ်းဦးစီးဌာနတွင် ကိုဗစ်-၁၉ ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ အကောင် အထည်ဖော်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်း ဝန်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။ ရှေးဦစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် စီမံချက်များသည် အလွန်အရေး ကြီးပါကြောင်း၊ မူလတန်းကြိုကျောင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ Social Distancing ဖြင့် ဖွင့်နိုင်ရေးစီစဉ်နေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲနေထိုင်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ငန်းများဆောင်ရွက်ရန်ကိုလည်း ဆွေးနွေး စေလိုပါကြောင်း၊ Reporting System သည် အရေးကြီးပါကြောင်း၊ မုတ်သုန်ရာသီရောက်ပြီး ဖြစ်သည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကြိုတင်ခန့်မှန်းလို့ရသည့် သတင်းအချက်အလက် များကိုရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ဥပမာ-ငလျင်ဘေး အန္တရာယ်နှင့် ကြုံတွေ့ ရလျှင် မည်သို့ဆောင်ရွက်သင့်သည်ကို အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် စီစဉ် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးက မူလဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရန်ရှိသည့်ကိစ္စများ၊ ထပ်မံဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပုဂ္ဂလိကအထူး ပညာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရန်များကို အထူး အလေးပေး ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ပြင်ဆင်ဖွဲ့စည်း ခြင်း၊ အမျိုးသမီးများအပေါ် ကြမ်းဖက်မှုတားဆီးကာကွယ်ရေး၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်မှု၊ မသန်စွမ်း သင်တန်း ကျောင်း (၇)ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး အစီအစဉ်များ၊ ပုဂ္ဂလိက မသန်စွမ်းသက်မွေး ပညာသင်အထူး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအစီအစဉ်များ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး မူဝါဒ(မူကြမ်း) ရေးဆွဲခြင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ (မူကြမ်း)ရေးဆွဲခြင်း၊ လူငယ်ရေးရာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အစီအစဉ်များ၊ မူလတန်းကြိုကျောင်းများ အနေဖြင့် ဆောင်ရွက်ရမည့် ကျောင်းအတွင်း/အပြင် ကြိုတင်ပြင်ဆင်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကို Power point များဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပြီး ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး တို့က ဆက်လက် လုပ်ဆောင်ရမည်များကို မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)