Skip to main content

ကြိမ်(၃၀)မြောက် ရာဇဝတ်မှုတားဆီးရေးနှင့် ရာဇဝတ်မှု တရားစီရင်ရေး ကော်မရှင် အစည်း အဝေး ကျင်းပ

နေပြည်တော်၊ မေ ၁၇ အကြိမ်(၃၀)မြောက် ရာဇဝတ်မှုတားဆီးရေးနှင့် ရာဇဝတ်မှုတရားစီရင်ရေး ကော်မရှင် (Commission on Crime Prevention and Criminal Justice - CCPCJ)အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင် ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)က စီစဉ်ကျင်းပ ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ယင်းအစည်း အဝေးကို မေ ၁၇ ရက်မှ ၂၁ ရက်အထိ ၅ ရက်ကျင်းပသွားမည်ဖြစ်ပြီး ရာဇဝတ်မှု အမျိုးအစားအလိုက် တားဆီးကာကွယ် ရေး လုပ်ငန်းစဉ်များ၊ လက်တွေ့ကျင့်သုံးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)