Skip to main content

ရာဇဝတ်အထူးအယူခံမှု ( ၅ )မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် မေ ၁၇ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမြင့်အောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင် ၍ ရာဇဝတ်အထူးအယူခံမှု ( ၅ ) မှု ကို ရုံးထိုင် ကြားနာခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)