နေပြည်တော် မေ ၁၆
တိုင်းဒေသကြီး၊ ပြည်နယ်အချို့၌ မြို့နယ်အချို့ရှိ လုံခြုံရေးတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက် နေသည့် တပ်ဖွဲ့ ဝင်များအား လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ မေ ၁၅ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့် တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့ မြို့မ(၂) ရပ်ကွက်ရှိ ကန်ပက်လက်မြို့မရဲစခန်းကိုလက်နက်ကိုင်သောင်းကျန်းသူများက ရဲစခန်း၏ အရှေ့မျက်နှာစာနှင့် မြောက်ဘက် တို့မှ လည်း ကောင်း၊ ည ၁၂ နာရီ ၅ မိနစ်ခန့်တွင် ရဲစခန်းတောင်ဘက်မှလည်းကောင်း အကြမ်းဖက်ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အလားတူ မေ ၁၆ ရက်တွင် ကချင်ပြည်နယ် ရွှေကူမြို့နယ်ဆိပ်ကမ်း၌ ရပ်တန့်ထားသော “ပင်လုံ” သော်သည် ရွှေကူဆိပ်ကမ်းမှ ဗန်းမော်မြို့သို့ နံနက် ၄ နာရီ ၃၅ မိနစ်ခန့်တွင် ထွက်ခွာလာခဲ့ရာ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် နောင်မိုးကျေးရွာ အနီးသို့အရောက်၌ လက်နက်ကိုင်သောင်းကျန်းသူများက မြစ်ကမ်းပေါ် ဝဲ၊ ယာနှစ်ဖက်မှနေ၍ ၊ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါသင်္ဘောတွင် လုံခြုံရေး လိုက်ပါလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များကပြန်လည်ခုခံပစ်ခတ်ခဲ့ရာလက်နက်ကိုင်အကြမ်းဖက် သူများ ပစ်ခဲ့ သည့် လက်နက်ကြီးကျည်သင်္ဘောပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
အထက်ပါဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ စခန်း များကို အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင် သောင်းကျန်းသူများအား ရှင်းလင်း သွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်