Skip to main content

ကလေးမြို့ တောင်ဖီလာရပ်ကွက်၌ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းကို အကြမ်းဖက်သူများက မီးရှို့

 

 

နေပြည်တော် မေ ၁၆

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းကို ယနေ့ နံနက် ၆ နာရီ ၂၅ မိနစ် ခန့်တွင် အကြမ်းဖက်သူများ၏ မီးရှို့မှုကြောင့် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သားများ က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ်နှစ်စီးတို့ဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ခဲ့သဖြင့် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ သည်။

အဆိုပါမီးလောင်မှုကြောင့် စာသင်ဆောင်နှစ်လုံးနှင့် ပရိဘောဂ ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်း လိုက်လံ စုံစမ်း ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်