Skip to main content

စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စေတုတ္တရာ မေ ၁၇ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနိုင်က ဌာနဆိုင်ရာရုံးများ လုံခြုံရေး သတိရှိရန်၊ ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများဖွင့်လှစ်မည်ဖြစ်၍ ကျောင်းသန့်ရှင်း ရေးများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ မှတ်ပုံတင်ကတ်ပြားများပြုလုပ်ရေးအတွက် ဆောင်ရွက်မည့် ပန်းခင်း စီမံချက်နှင့် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်များအား ဖတ်ကြား ရှင်းလင်း ဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူစိန်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ ရုံးများ လုံခြုံရေးအထူးသတိရှိကြရန်နှင့် ရပ်ကွက်/ကျေးရွာများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီးနောက် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးထင်အောင်က ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းနိုင်က ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဖြေကြားခဲ့ကြောင်းသိရသည်။ ခင်သန်းလှိုင်(ပြန်/ဆက်)