နေပြည်တော် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် ရှိ Denko ဆီဆိုင်၌ အကြမ်းဖက်သူများမှ လက်လုပ်မိုင်း ဖောက်ခွဲ မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ မေ ၁၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် မြောက် ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက် ခေမာသီလမ်းရှိ Denko ဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် မီးသတ် တပ်ဖွဲ့ ဝင်များက သွားရောက် မီးငြိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမီးလောင်မှု ကြောင့် ဆီဆိုင်ရှိ ဆီပန့် အမှတ်(၄) ဘေးတွဲဆိုင်ကယ် တစ်စီး၊ ဆိုင်ကယ်တစ်စီး မီးလောင် ဆုံးရှုံးခဲ့ပြီး ဆီဆိုင်ဝန် ထမ်း နှစ်ဦးနှင့် ဆီလာဖြည့်သည့် အမျိုးသား လေးဦး၊ အမျိုးသမီးတစ်ဦးတို့တွင် မီးလောင်ပေါက်ပြဲဒဏ်ရာများရရှိ ခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး မြောက်ဥက္ကလာပပြည်သူ့ ၊ ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ သည်။
အဆိုပါမီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များကဆီဆိုင်ရှိ CCTV မှတ်တမ်းများကို ကြည့်ရှု စစ်ဆေးခဲ့ရာ ညနေ ၄ နာရီ ၆မိနစ် တွင် အကြမ်းဖက်သူ အမျိုးသား နှစ်ဦးသည် ဆိုင်ကယ် တစ်စီး ဖြင့် ရောက်ရှိလာပြီး ဆီဖြည့် ဟန်ဆောင်၍ လက်လုပ်မိုင်းဟု ယူဆရသော Bluetooth Speaker Box တစ်လုံးကို ဆီပန့်အမှတ် (၄) တိုင်ခြေတွင် ချထားကာ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ၅ မိနစ် ခန့် အကြာတွင် အဆိုပါနေရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ မီးလောင် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့် အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်