Skip to main content

Jul 26, 2026

၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု(B)ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှား လက်ရွေးစင်အသင်းတို့ ယနေ့ညနေ ၄ နာရီခွဲက သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာ မလေးရှားအသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ရွှေမြို့နယ် ဟဲယာရွာမ ကျေးရွာအပါအဝင် ကျေးရွာ ၁၅ ရွာတွင် စုပေါင်းရေပေးရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ Naypyitaw State Polytechnic University (NSPU) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ Naypyi-taw State Polytechnic University (NSPU)မှ ပါမောက္ခချုပ်(တာဝန်)၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော် သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။      

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ချေးငွေအဆိုပြုလွှာများ ပေးပို့လျှောက်ထားနိုင်

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများ တင်သွင်းခွင့်ရရှိရေး လာရောက်လျှောက်ထားနိုင်

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေအဆိုပြုလွှာများ ပေးပို့လျှောက်ထားနိုင်

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

ဝါကြိတ်စက်များအား အထူးချေးငွေအစီအစဉ်ဖြင့် ရောင်းချပေးမည်

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးနှင့် ပြည်သူများခရီးသွားလာရာတွင် သက်သာချောင်ချိမှုရရှိစေရေးအတွက် YBS ခရီးသည်တင် ယာဉ်များနှင့် Taxi ယာဉ်များကို ဦးစားပေး၍ မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့(CNG)အား တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ အဆိုပါဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက လွန်စွာသက်သာမှုရှိသည့်အပြင် အာရှနိုင်ငံများထဲတွင် ဈေးနှုန်းအချိုသာဆုံး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သဖန်းဆိပ်ကျေးရွာအနီးမူးမြစ်ပေါ်တွင် တည်ရှိသော သဖန်းဆိပ်ရေလှောင်တမံမှ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားဧက ပြည့်မီစွာဆည်ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်(MESF)နှင့် PUBG Mobile တို့ပူးပေါင်း၍ တက္ကသိုလ်ပေါင်းစုံ Varsity Esports Championship-2026 ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

မြန်မာမီးရထားအနေဖြင့် ပြည်သူများ သက်သောင့်သက်သာ ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် အဆင့်မြင့်ရထားတွဲဆိုင်း အသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိရာတွင် စည်းကမ်းမလိုက်နာသည့် ခရီးသည်အချို့ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ကြုံတွေ့ရမှုများရှိသည့်အတွက် ရထားစီးခရီးသည်များအနေဖြင့် ခရီးစဉ်တစ်လျှောက် သန့်ရှင်းသပ်ရပ်ပြီး အခြားခရီးသည်များအတွက် အနှောင့်အယှက်မဖြစ်စေရန်နှင့် ရထားတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းရန်၊ ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပေးရန်၊ ထိုင်ခုံပေါ်တွင် ခြေထောက်တင်ခြင်းမပြုရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာအသုံးပြုနိုင်ရန် ထိုင်ခုံများအား စနစ်တကျအသုံးပြုပေးပါရန် အသိပေးချက်များအား နိုင်ငံပိုင်သတင်းစာများနှင့် သက်ဆိုင်ရာရထားများပေါ်တွင် အသိပေးကြေညာချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

အချို့သောနယ်မြေများတွင် PDF အမည်ခံသောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူလူထု၏ နေ့စဉ်ဘဝအတွက် များစွာအရေးပါသည့် လျှပ်စစ်ဓာတ်အားများကို ထုတ်လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်အခြေခံအဆောက်အအုံများကို နည်းလမ်းပေါင်းစုံဖြင့် ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး လျက်ရှိကြသည်။ ထိုသို့လုပ်ဆောင်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လျှပ်စစ်အခြေခံအဆောက်အအုံများ၊ ဓာတ်အားလိုင်းများကို အမြန်ဆုံးပြန်လည်ကောင်းမွန်၍ လျှပ်စစ်ဓာတ်အားများ ပြန်လည်ပို့လွှတ်ပေးနိုင်ရေး လျှပ်စစ်ဝန်ထမ်းများနှင့် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုးပမ်းပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဖလမ်းမြို့ဗိုလ်ချုပ်လမ်းတွင် ဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုကို သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးနှင့်ညီညွတ်သောပစ္စည်းများဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးကြရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများ ၇၀ ရာခိုင်နှုန်းရှိသည့်အတွက် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်နေ အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုရေးလုပ်ငန်းများအပြင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယနေ့တွင် ရန်ကုန်မြို့ Sedona Hotel ၌ ကျင်းပသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် MYAN-WEN ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီး ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ဇင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ရောက်ရှိပြီး ဘွဲ့နှင်းသဘင်ရှိ အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း သာယာရေး၊ တက္ကသိုလ်အင်္ဂါရပ်နှင့် ညီညွတ်စေရေးဆွေနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

ထိုင်းနိုင်ငံအာဆီယံဥပဒေပညာရှင်များအသင်းဥက္ကဋ္ဌ ထိုင်းနိုင်ငံတရားလွှတ်တော်ချုပ်၏ သဘာပတိတရားသူကြီးချုပ် H.E. Mr. Adisak Tantiwong ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဇူလိုင် ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်အသင်း၏ အထွေထွေညီလာခံ၊ (၄၇) ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်အသင်းအုပ်ချုပ်မှု ကောင်စီအစည်းအဝေးနှင့် အာဆီယံဥပဒေရေးရာ ညီလာခံ ၂၀၂၆ တို့သို့ မြန်မာနိုင်ငံအာဆီယံဥပဒေ ပညာရှင်အသင်း၏ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့်အဖွဲ့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

သန်လျင်မြို့နယ် တရားရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို သန်လျင်ခရိုင် သန်လျင်မြို့နယ် ကျောင်းကုန်းဆိပ်ကြီးကျေးရွာရှိ သန်လျင်မြို့နယ်တရားရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ ရုံးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိထားသည့် အင်တာနက်ကုမ္ပဏီများအနေဖြင့် ဝန်ဆောင်မှုပျက်ကွက်ပါက သုံးစွဲသူပြည်သူများမှ တိုင်ကြားနိုင်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့တွင် လှိုင်သာယာ(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်း၏ အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည် စစ်ဆေးထုတ်ပြန်ပေးရေးနှင့် စာချုပ်ပါ စွမ်းရည်ထက်ကျဆင်းနေသည့် ကုမ္ပဏီများအား အရေးယူဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားစဉ် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2026

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍအလိုက် ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပါဝင်ဖွဲ့စည်းထားသည့် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များသည် ချင်းပြည်နယ်သို့ အလှည့်ကျသွားရောက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာနယ်မြေဒေသများအရောက် ကွင်းဆင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်