Skip to main content

ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များ လုပ်ငန်း စွမ်းရည်မြင့်မားရေးသင်တန်းဖွင့်လှစ်

ကျောက်ဖြူ မေ ၁၇ ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများအား လုပ်ငန်းစွမ်းရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နံနက် (၁၀) နာရီအချိန်ကကျင်းပခဲ့ရာ သင်တန်းနည်းပြများနှင့် သင်တန်း သား/သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ အခမ်းအနားကို ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချမ်းမြေ့စော က သင်တန်း အဖွင့် အမှာစကားနှင့်သင်တန်းဖွင့်လှစ်ရခြင်းသည် အုပ်ချုပ်မှု ဆိုင်ရာလုပ်ငန်းများ၊ ကျေးရွာဖွံ့ ဖြိုးတိုးတက် ရေးဆိုင်ရာများ၊ ပြည်သူများ ရပ်ရွာအေးချမ်းသာယာစွာနေထိုင်ရေး၊ ဌာနများ၏ လုပ်ငန်းတာဝန်များကို သိရှိနိုင်စေရန်နှင့် သတင်းအချက်အလက်ချိပ်ဆက် ဆောင်ရွက်ရန်နိုင်စေရန် ရည်ရွယ်ကာ ယခုလို စွမ်းရည်မြင့်မားရေးသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး (၇၄)ဦးနှင့် ရပ်ကွက်/ကျေးရွာ စာရေးများ ဝန်ထမ်း (၇၄)ဦး၊ စုစုပေါင်း(၁၄၈)ဦးတက်ရောက်ခဲ့ကြကာ ၎င်းသင်တန်းကို မေလ(၁၇) ရက်နေ့မှမေလ(၂၈)ရက်နေ့အထိ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ရက် အလိုက် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဖြိုးဝေလင်း၊ တင်ထွန်းဦး