Skip to main content

မြို့နယ်အချို့၌ ပြည်သူလူထုက လက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

 

နေပြည်တော် မေ ၁၆

 တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထုက ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင် ရှိသောလက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ထိုသို့အပ်နှံရာတွင် မေ ၁၅ ရက်တွင် ပဲခူး တိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဇရပ်စမ်း ကျေးရွာမှ ပြည်သူ တစ်ဦးက လက်လုပ်လေသေနတ် တစ်လက်အားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသ ကြီး ကော့သောင်းမြို့နယ် အတွင်းရှိ ခမောက်ကြီး မြို့ အမှတ်(၄)ရပ်ကွက်နှင့် ကျေးရွာများမှ လက်လုပ် လေသေနတ် ၁၃ လက်၊ လက်လုပ် တူမီးသေနတ် ခုနှစ်လက်၊ လက်လုပ်ဂက်စ်သေနတ်သုံးလက်၊ တူမီးသေနတ်ပြောင်းလေးချောင်းနှင့် ပြောင်း တိုက်တံ သုံးချောင်းတို့အား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ တူမီးသေနတ် ၁၄၅ လက်၊ လက်လုပ်လေသေနတ် ကိုးလက်တို့အားလည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိ သူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ ဝင် များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိ သည့် ပြည်သူလူထုက လာရောက်အပ်နှံသော လက်လုပ်သေနတ်နှင့် တူမီး သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး စနစ်တကျသိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်