Skip to main content

ဂျီ-၂၀ နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှုအစီအစဉ်အရ ချေးငွေများကို မြီရှင်နိုင်ငံများသို့စေ့ရောက်ရက် အလိုက် ပြန်လည်ပေးဆပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ”

နေပြည်တော် မေ ၁၇ ဂျီ-၂၀ နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှုအစီအစဉ် (Debt Service Suspension Initiative –DSSI) တွင် ပါဝင်သည့် ချေးငွေများကို မြီရှင်နိုင်ငံများသို့ စေ့ရောက် ရက် အလိုက် ပြန်လည်ပေးဆပ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၌ ကျင်းပသည်။ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဂျီ-၂၀ နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှု အစီအစဉ် အရ ၂၀၂၀ ပြည့်နှစ်၊ မေလမှ ဒီဇင်ဘာလအထိနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများနှင့် စပ်လျဉ်း ၍ မြီရှင်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်း လျက်ရှိသည့်အခြေအနေ၊ ပြန်လည်ပေးဆပ် ရမည့် အရင်းနှင့် အတိုးများအတွက် ဘတ်ဂျက်လျာထားမှု အခြေအနေ၊ ပြန်လည်ပေးဆပ် ရန် ဆောင်ရွက် ထားရှိမှုတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာဝန် ကြီးဌာနများနှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် ကြွေးမြီ ရွှေ့ဆိုင်းမှုအစီအစဉ်တွင် ပါဝင်သည့်ချေးငွေများအား စေ့ရောက်ရက်အလိုက် ပြန်လည်ပေးဆပ်ရန် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဝန်ကြီးဌာနအလိုက် မြီရှင်နိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် အရင်းနှင့် အတိုးများအတွက် ဘတ်ဂျက်လျာထားမှု၊ ပြန်လည်ပေးဆပ်ရန် ဆောင်ရွက်ထား ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ငွေတိုက်ဦးစီး ဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ (သတင်းစဉ်)