Skip to main content

Aug 03, 2021

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ကူးစက်ပြန့်ပွားမှု မဖြစ်ပွားမီကာလကပင် လိုအပ်သည့် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများကို လုပ်ဆောင်ခဲ့ပြီး ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လာသည့်ကာလအတွင်းတွင်လည်း အတည်ပြုလူနာ၊ စောင့်ကြည့်လူနာ များအား ကျန်ရှိသည့် တာဝန်သိကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီကယ် ဆယ်ရေးအသင်း အဖွဲ့များနှင့် တပ်မတော်သားကျန်းမာရေးအဖွဲ့များ ပူးပေါင်း၍ ကုသရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ ၎င်းအပြင် ရောဂါကူးစက်မှုအရ အရေးပေါ်လိုအပ် လာသည့် အောက်ဆီဂျင်များကို လုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ပြည်တွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံများမှ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ပြည်ပမှလျင်မြန်စွာတင်သွင်းခွင့်ပြုခြင်း စသည်တို့ဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ထိခိုက်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးပစ္စည်း များအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၂-၈-၂၀၂၁ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ၁၀၅ ခုမှ

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကျရောက်နေသည့် ကာလများ၌ပင် ပြည်သူလူထုအပေါ် စာနာထောက်ထားမှု မရှိဘဲဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံအားပေးသူများဖြင့် တရားမဝင်အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်း၍ အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်ရည်ရွယ်ကာ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အစိုးရပိုင် အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းဖြင့်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူပြီး ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

(၂၁) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) အဆင့်မြင့် စီးပွားရေး အရာရှိများအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာဝါဝါမောင်က သဘာပတိအဖြစ် ဦးဆောင်ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူဒါန်းပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ ဆဋ္ဌမ အကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ကုသရေး အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ နိုင်ငံ့တာဝန် စတင်ယူခဲ့ရာ ယခုအခါတွင် နှစ်ဝက်ကာလပြည့်မြောက်ခဲ့ပြီဖြစ်သည်။ တိုတောင်းသော ခြောက်လတာ ကာလအတွင်း နိုင်ငံရေးပယောဂမျိုးစုံ နှောင့်ယှက်ဖျက်ဆီးမှု၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် အကြမ်းဖက်အဖျက်လုပ်ရပ်များ လုပ်ဆောင်မှုများကို ဖယ်ရှားရှင်းလင်းလုပ်ဆောင်ခြင်းနှင့်အတူ အုပ်ချုပ်စီမံမှု လွယ်ကူချောမွေ့ လာရသောကပ်ရောဂါဘေးမှ လျော့ပါးသက်သာ ကင်းဝေးစေရေးအတွက် မနေမနား ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိခြင်း၊ လွတ်လပ်ပြီးတရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဖြစ်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိရခြင်းတို့ကြောင့် အဆိုပါရွေးကောက်ပွဲ၏ ရလဒ်များကို ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2021

(၁-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၃၉၄)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၆၈၉)ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၁၈၁,၈၅၉)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၃၀၆,၃၅၄) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2021

နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့် (၅၄)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ် ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန် သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2021

နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း သက်ဆိုင်ရာ မြို့နယ်များအလိုက် စုရပ်နေရာများခွဲ၍ ဦးတည်အုပ်စုများနှင့် ဦးစားပေး အစီအစဉ်များအလိုက် ကာကွယ်ဆေး ဆက်လက်ဆေးထိုးနှံပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2021

မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားမှုနှုန်းမြင့်မားနေသည့် ကိုဗစ်-၁၉ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကဏ္ဍပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနဉ္စဝန်ထမ်းများအား ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 02, 2021

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၃၁ ရက် ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်