Skip to main content

“ပြည်သူ့ ကြားက ပြည်သူ့စကား” အစီအစဉ်

နေပြည်တော် ဖေဖော်ဝါရီ ၇

မျက်မှောက်ကာလတွင် ဖြစ်ပွားလေ့ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်း ဖက်မှုတားဆီးရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစား ချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်မြို့နယ်ရှိ သီတဂူချင်းတွင်း သာမဏေကျော် ဗုဒ္ဓတက္ကသိုလ်အား PDF အမည်ခံအကြမ်းဖက် သမားများက လက်လုပ်စိန်ပြောင်းများ၊ မီးတုတ်များဖြင့် အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်မီးရှို့ ဖျက်ဆီးမှု” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်၍ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ပုလဲမြို့နယ်၊ အင်မထီး ကျေးရွာအား PDF အမည်ခံအကြမ်းဖက်သမားများက နှောင့်ယှက်ပစ်ခတ်၊ နေအိမ် များအား မီးရှို့ ဖျက်ဆီးမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့် ပါဝင် ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ မနက် ၁၀ နာရီ မှ ၁၁ နာရီအတွင်း ဖုန်း ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းတို့ကို Message ပေးပို့ပါဝင်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက် များအား လျှို့ဝှက်ပေးထား မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်