Feb 12, 2022
တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တစ်သွေးတစ်သားတည်းဟူသော ပြည်ထောင်စုစိတ်ဓာတ် ဖြစ်တည်မှုကို နယ်ချဲ့ဝါဒီတို့အား လက်တွေ့ထုတ်ဖော်ပြသခဲ့သည့် ပြည်ထောင်စုနေ့သည် (၇၅) နှစ်မြောက် စိန်ရတုသို့ပင်ရောက်ရှိခဲ့ပြီ။ လွတ်လပ်ရေးအတွက် ကြိုးပမ်းပြင်ဆင်ခဲ့ကြရသည့် ၂၀ ရာစုခေတ်လယ်ကာလ မြန်မာ့ အခြေအနေ၊ ကမ္ဘာ့အခြေအနေနှင့် မျက်မှောက်ခေတ် ၂၁ ရာစု၏ ဒုတိယဆယ်စုနှစ်လွန် မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့မှာ ကွာခြားလျက်ရှိပြီဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံအဖို့ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့မှာမူ မည်သည့်ကာလ၊ မည်သည့်အခြေအနေတွင်မဆို မပြောင်းမလဲ ထာဝရတည်ရှိနေရမည်သာ ဖြစ်သည်။
Feb 11, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 11, 2022
စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် တိုင်းရင်းသား ရိုးရာအစားအစာများ မိတ်ဆုံစားပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပသည်။
Feb 11, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများအား တာဝန်ခွဲဝေအပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Feb 11, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးသည့် သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများ တပ်ဆင်သုံးစွဲမှုများကို ကြည့်ရှုစစ်ဆေးသည်။
Feb 11, 2022
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ အမှုထမ်းများ အရည်အချင်းမြှင့် မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး၊ ရုံးအမှတ်(၄၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Feb 11, 2022
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမည်စာလုံးစာသား သရုပ်ဖော်နှင့် ဘင်ခရာအဖွဲ့တို့ဖြင့် ပါဝင်ဆင်နွှဲကြမည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ဖွဲ့ခွဲ၍ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက် လေ့လာမှုနှင့်အတူ မြန်မာ့ရုပ်မြင်သံကြား၏ ဖျော်ဖြေတင်ဆက်မှုများ၌ ပါဝင်သီဆိုကခုန်ပြီး အပန်းဖြေကြသည်။
Feb 11, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များ ပါဝင် ပြသမည်ဖြစ်ပြီး အဆိုပါ ဂုဏ်ပြုယာဉ်များကို ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်လျက် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း ခင်းကျင်းပြသထားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားရိုးရာ အစားအစာများ ပြုလုပ်ရောင်းချမည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
Feb 11, 2022
မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဒုတိယအဆင့်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကြိုတင်ပြင်ဆင်မှုများ ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ (Task Force)၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံလွင်ခန်းမ၌ ကျင်းပသည်။
Feb 11, 2022
နေပြည်တော်၌ ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲမည့် မွန်ပြည်နယ်မှ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။
Feb 11, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ ညနေပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် သီဆိုကပြဖျော်ဖြေကြ မည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Feb 11, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးမြို့ ခုတင်(၂၀၀)ဆံ့ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Feb 11, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲပိုင်းတွင် နယ်မြေခံတပ်ဌာနချုပ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများအား ဆွေးနွေးပြောကြား သည်။
Feb 11, 2022
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု သက်သာပန်းတောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက် ဝတ္ထုကံတော်အတွင်းရှိ စကြာပန်းတောင်း စေတီတော် မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတုစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ စလင်းဆရာတော်ကြီး အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကေတု အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Feb 11, 2022
မြန်မာနိုင်ငံသည် ကျူးကျော်သူနယ်ချဲ့တို့ကို လက်နက်စွဲကိုင် တွန်းလှန်တိုက်ခိုက်၍ အနိုင်ယူခဲ့သော်လည်း တိုင်းပြည်လွတ်လပ်ရေးအတွက် တိုင်းရင်းသား ပြည်သူအပေါင်း တို့၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်စွမ်းအားများကို အခိုင်အမာထုတ်ဖော်ပြသ၍ အရယူနိုင်ခဲ့ပါသည်။ နယ်ချဲ့ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို အကြိမ်ကြိမ်အခါခါ နည်းပရိယာယ်မျိုးစုံဖြင့် သိမ်းပိုက်အုပ်ချုပ်ခဲ့သော်လည်း တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ စည်းလုံးညီညွတ်မှုအားမာန်ကို မခံနိုင်ဘဲ လွတ်လပ်ရေးပေးခဲ့ရပါသည်။
