Oct 29, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 29, 2025
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊
Oct 29, 2025
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားသမားများအား နောက်ဆုံးဆန်ခါတင် လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဂျူဒို လေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။
Oct 29, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. TSE Chinwan ၏ ဖိတ်ကြားချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Hong Kong Asia World-expo ၌ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် အကြိမ် (၂၀) မြောက် Eco Expo Asia 2025 သို့ ပါဝင်တက်ရောက်သည်။
Oct 29, 2025
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ဟနွိုင်းမြို့အခြေစိုက် ဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 29, 2025
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ NESCO Exhibition Center ၌ အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပသည့် အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ်-၂၀၂၅ (INDIA MARITIME WEEK - 2025) အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
Oct 29, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း
Oct 29, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတို့တွင် တာဝန်ထမ်းဆောင်ကြမည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် ( ၂ / ၂၀၂၅ ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
Oct 29, 2025
ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ်၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိသည့် တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။
Oct 29, 2025
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ဟနွိုင်းမြို့အခြေစိုက် ဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီး H.E. Mr.Uladzimir Baravikou နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 29, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသန့်စင်အား နီပေါနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပြီးဖြစ်သည်။
Oct 29, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မိုင်းပန်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization- DMO) များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
Oct 29, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 29, 2025
“ယုံကြည်အားထားရသော အချက်အလက်မရှိသည့်နိုင်ငံသည် သံလိုက် အိမ်မြှောင်မပါဘဲ သင်္ဘောကို ထိန်းကျောင်းမောင်းနှင်နေခြင်းနှင့် တူနေသည်ဟု ဆိုကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းက မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးမှုလမ်းကြောင်းကို ပြသနေသည့် သံလိုက်အိမ်မြှောင်ဟု တင်စားလိုကြောင်း၊ ထို့အပြင် သန်းခေါင် စာရင်းဆိုသည်မှာ နိုင်ငံ၏အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
Oct 29, 2025
အချိန်အခါနေရာမရွေး လူတိုင်းလေဖြတ်နိုင်ခြေရှိသည်။ လေဖြတ်ခြင်းသည် သေဆုံးမှုကို ဖြစ်စေသောအကြောင်းရင်းများအနက် ဒုတိယအများဆုံးဖြစ်ပြီး မသန်စွမ်းမှုဖြစ်စေသည့်အကြောင်းများတွင် အဖြစ်အများဆုံးအဖြစ် အဓိကအကျဆုံးရောဂါဖြစ်သည်။ လူလေးဦးတွင် တစ်ဦးသည်ဘဝသက်တမ်းတစ်လျှောက် လေဖြတ်ခြင်းနှင့် ကြုံတွေ့နိုင်ခြေရှိသည့်အလျောက် ဤရောဂါနှင့်ပတ်သက်၍ လူတိုင်းသိနားလည်ထားကြရန်လိုအပ်သည်။
Oct 28, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးအား ယနေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ထပ်မံစစ်ဆေးနိုင်ခဲ့သည်။
Oct 28, 2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အရှေ့လယ်ကုန်းရပ်ကွက်၊ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရ သက်တော် (၈၅) နှစ်၊ သိက္ခာတော် (၆၅) ဝါ၏ အန္တိမအဂ္ဂိဈာပနကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ထားသည့် ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။
Oct 28, 2025
မြန်မာ့တပ်မတော် (ရေ) နှင့် ရုရှားရေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် ရုရှားရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aleksandr A.Moiseev ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၉ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံအခြေစိုက် ရုရှားစစ်သံမှူး Colonel KURCHENKO Sergey Semenovich နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Oct 28, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နှင့်အနီးတစ်ဝိုက်၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ (ဘော်ကြို) နှင့် အခြေခံပညာမူလတန်းကျောင်း (တိန်းချေတိန်းစံ) တို့ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရသည်။
Oct 28, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း( ၂ )ကျင်းပမည့် နေ့ရက်နှင့်ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း
