Skip to main content

(၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနား တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၇

(၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဌေးအောင်၊ ဦးစောထွန်းအောင်မြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဂုဏ်ပြုဆုရ သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သဝဏ်လွှာဖတ်ကြား

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅) နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က ဖတ်ကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ကျော်ထွန်းက ရှမ်းပြည်နယ်နေ့ မိန့်ခွန်းပြောကြားသည်။

ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်

ယင်းနောက် ဂုဏ်ထူးဆောင်လက်မှတ်နှင့်ဆုပစ္စည်းများချီးမြှင့်ရာ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့် သုံးဆုနှင့် တတိယအဆင့် နောက်ဆု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာထူးချွန်ဆု ပထမ အဆင့် ၄၄ ဆုနှင့် ဒုတိယအဆင့် တစ်ဆု၊ တတိယအဆင့် ၂၁ ဆု၊ စိုက်ပျိုးရေးထူးချွန်ဆု တတိယ အဆင့်နှစ်ဆု၊မွေးမြူရေးဆိုင်ရာထူးချွန်ဆု တတိယအဆင့် တစ်ဆု၊ ကျန်းမာရေးဆိုင်ရာ ထူးချွန်ဆု တတိယအဆင့် သုံးဆု၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်) တစ်ဆုနှင့် တတိယ အဆင့် ၂၇ ဆု၊ သုတေသနဆိုင်ရာ ထူးချွန်ဆု တတိယအဆင့်ဆုတစ်ဆု ရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဦးစိုင်း လုံးဆိုင်၊ Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ ကျော်ကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး တို့က ဂုဏ်ထူး ဆောင်လက်မှတ်နှင့် ဆုပစ္စည်းများ ပေးအပ်ချီးမြှင့် ကြသည်။

ဆိုလာအစုံ ၁၅ဝ ပေးအပ်

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရှမ်းပြည်နယ်နေ့ အထိမ်း အမှတ် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာအစုံ ၁၅၀ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။

ဟင်းသီးဟင်းရွက်ပွဲတော်ဖွင့်ပွဲကျင်းပ

ယင်းနောက် ကလောမြို့နယ် ဟဲဟိုးအင်းခေါင်းတွင် (၇၅) နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ် ဟင်းသီးဟင်းရွက်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစိုင်း လုံးဆိုင်က နှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးတို့က အမှာစကားများ ပြောကြား ကြသည်။

ထောက်ပံ့မြေဩဇာအိတ်များပေးအပ်

ယင်းနောက် တောင်သူအဖွဲ့အစည်းများကို ထောက်ပံ့မြေဩဇာ အိတ်များပေးအပ်ရာ ကလော မြို့နယ် အာလူးအစုအဖွဲ့နှင့် ပင်လောင်းမြို့နယ် ထောပတ်အစုအဖွဲ့များကို ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ ညောင်ရွှေမြို့နယ်နှင့် ရွာငံမြို့နယ်မှ ခရမ်းချဉ်သီး အစုအဖွဲ့များကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကလည်းကောင်း၊ ပင်းတယမြို့နယ်နှင့် ရပ်စောက် မြို့နယ်မှ ဟင်းသီးဟင်းရွက်အစုအဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်က လည်းကောင်း၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံး မြို့ နယ် ထောပတ်အစုအဖွဲ့ များကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက လည်းကောင်း ပေးအပ်ကြရာ တောင်သူအဖွဲ့ အစည်း များက လက်ခံရယူကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများကို ပြည်နယ် ဝန်ကြီးချုပ်က သစ်သီးလက်ဆောင် ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး ဦးစီးဌာနမှ ပြသထားသော ပြခန်းများနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

သတင်းစဉ်