Feb 11, 2022
မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရာတွင် ဦးစွာပထမ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ရသည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ၂၃ ရက်နေ့ ပရိသတ်နှစ်သိန်းကျော် တက်ရောက်သည့် ဖ.ဆ.ပ.လ လူထုညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေးအဆိုတစ်ရပ်ကို အကျယ်တဝင့် တင်သွင်းခဲ့ရာတွင် “လွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာ တစ်တိုင်းတစ်ပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံးအလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ၊ ဒီလိုမလုပ်ရင် ညီညွတ်ရေးမရဘူးဆိုလို့ရှိရင် တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး”ဟု ပြောကြားခဲ့သလို “မြန်မာပြည်သည် အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးခေါ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်ရှိသော အခြေအနေသို့ ဆိုက်ရောက်အောင် (ဝါ) လွတ်လပ်ရေးရအောင် အလိုဆုံးသောအရာမှာ ညီညွတ်ရေးပင်ဖြစ်ကြောင်း၊ ညီညွတ်ရေးသည် တူညီသောအကျိုး၊ တူညီသောအလုပ်နှင့် တူညီသောရည်ရွယ်ချက်တို့တွင် အခြေပြုရမည်ဖြစ်ကြောင်း” ဟူ၍လည်း ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၀-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Feb 10, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 10, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Feb 10, 2022
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 10, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းငယ်အခြေခံသင်တန်း၊ အမှတ်စဉ် (၈၉) နှင့် စာရေး ဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ် (၉၉ )တို့၏ သင်တန်းဆင်းစစ်ရေးပြ အခမ်းအနား ကို ယနေ့ မွန်းလွဲ ၃ နာရီတွင် တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပသည်။
Feb 10, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဟောင်းမီးသတ်ယာဉ်များပြတိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၌ ကျင်းပသည်။
Feb 10, 2022
မြန်မာတို့၏ရိုးရာအမွေအနှစ် ကိုယ်ခံပညာရပ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်း ဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာ့ရိုးရာသိုင်းပညာရပ်ကို လူငယ်/ လူရွယ်တိုင်း စိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ " ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား" ကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Feb 10, 2022
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် အလုပ်သမားဝန်ကြီးဌာနတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 10, 2022
ဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရိုးရာဝတ်စုံများ၊ ရိုးရာအစားအစာနှင့် စာပေတို့ကို သိရှိနားလည်ပြီး တစ်ဦးနှင့် တစ်ဦး ပိုမိုရင်းနှီးလာစေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ် မြင့်မားလာစေရန် ရည်ရွယ်၍ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ စိန်ရတုပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ အစားအစာပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၁)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Feb 10, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 10, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိစက်မှုဇုန်ရှိ New Power စက်ရုံ၌ ကျင်းပသည်။
Feb 10, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမရပူရ ရဲစခန်းမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အမရပူရမြို့နယ်၊ ရွှေကြက်ယက်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော အိန္ဒိယနိုင်ငံထုတ် ဂျုံမှုန့်အိတ်(၂၄၀)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၂၀၀,၀၀၀)နှင့် ဂျုံမှုန့်အိတ်များ တင်ဆောင်လာသော Fuso အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Feb 10, 2022
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များတွင် ရဟန်းရှင်များ၊ သာမဏေများ၊ သီလရှင်များအတွက် ဆွမ်းအခက်အခဲ မရှိစေရန်ရည်ရွယ်၍ လှူဒါန်းထောက်ပံ့ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း ကွန်ဟိန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးကျော်ဆွေဦးနှင့် တာဝန်ရှိသူ များသည် ကွန်ဟိန်းမြို့နယ်၊ ကွန်အော်ရေတံခွန်ရှိ ကွန်းအော် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲ၊ ကြာဆံ၊ ကြက်သွန်နီ စသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ကျောင်းထိုင်ဆရာတော် အရှင်ထာဏီဿရထံ ဆက်ကပ်လှူဒါန်းသည်။
Feb 10, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ် ခေါင်းသစ် (၂၀၀/- ကျပ်တန်) (၃)မျိုးအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း (၁၂)ရက် (စနေနေ့)၊ နံနက် ၉ နာရီမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
Feb 10, 2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ တိုင်းရင်း သား ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီလ ၃ ရက်နေ့ တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။
Feb 10, 2022
ထာဝရငြိမ်းချမ်းရေးအတွက် ဖတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်း
Feb 10, 2022
လုပ်ငန်းခွင်သုံး စီးပွားရေးနှင့် သက်ဆိုင်သည့် အင်္ဂလိပ်စာအသုံးအနှုန်းများနှင့်ရေးသားခြင်း ဆိုင်ရာသင်တန်း (အလယ်အလတ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရုံးအမှတ် (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။
Feb 10, 2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသန ဌာနမှ ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူး ရန်ပုံငွေ (၂၀၁၈) ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် Establishment of Myanmar ICT Development Institute စီမံကိန်းအတွက် Microsoft Azure DevOps Expert Course (AZ-400) နှင့် Microsoft Azure Security Technologies Courses (AZ-500) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် virtual စနစ်ဖြင့် ကျင်းပသည်။
Feb 10, 2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ လူရွှင်တော်အသင်း (ဗဟို) တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စုလူရွှင်တော်ဖလား”လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၇)ကို ၂၀၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် (ကြာသပတေးနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channelမှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
Feb 10, 2022
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” နောက်ဆုံးအဆင့် သီချင်းဆိုပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက် (သောကြာနေ့)ညတွင် ရန်ကုန်မြို့ ပြည်သာယာရှိမြဝတီမီဒီယာစင်တာတွင် ကျင်းပမည်ဖြစ်ရာ မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။
