* တို့ပြည်ထောင်စု၊ စိန်ရတုမှာ သစ္စာပွင့်လန်း၊ မေတ္တာပန်းတွေ ငြိမ်းချမ်းစေမှု၊ ပြည်ထောင်စုကြီး ခရီးရှေ့ဆက်၊ မျှော်လင့်ချက်ဖြင့်အားတက်ရှေ့ဆက် စေချင်သည်။
* သွေးချင်းတွေသည်၊ စုံစုံညီလျှင် ယုံကြည်သယ်ပိုး၊ ပြည့်အကျိုးကို ဆတိုးဝန်ထမ်း၊ မျှော်မှန်းရှေးရှု ငြိမ်းချမ်းမှုတွက် ၊ ထက်မြက်စွမ်းအား နှလုံးသားတွေ ညီစေမည်။
* ပြည်ထောင်စု၏၊ စိန်ရတုနှစ် အားမာန်သစ်ကာ၊ မေတ္တာနှလုံး အမုန်းမဝေ၊ သင်ပုန်းချေ၍ “ချစ်စကိုရှည် ၊ အမုန်းတွေငြိမ်း” အေးငြိမ်းကြအောင် စွမ်းဆောင်မည်။
ဪ... အတူတွဲနေ၊ တို့တစ်တွေသည် ဤရေမြေနေ၊ ညီနောင်တွေမို့ “ရေကိုသား၍၊ အကြားမထင်” ထာဝစဉ်သာ၊ မကွဲကွာခဲ့၊ “နာစရာရှိခဲ့၊ လွမ်းစရာနဲ့” “တစ်မြေတည်းနေ တစ်ရေတည်းစိတ်”
*လက်သည်းဆိတ်က ၊ လက်ထိပ်ကနာ” သစ္စာတည်ကြ၊ ကြည်မြအောင်ဆု ပြည်ထောင်စုအမွေ၊ အဓွန့်ရှည်အောင် စွမ်းဆောင်ကြိုးစား စေချင်သည်။
တို့ပြည်ထောင်စု မြန်မာပြည်။
အကျော်ပင်