Skip to main content

Jul 31, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများ/ပရဟိတ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများမှ တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမည့် အစီအစဉ်များကို သိရှိနိုင်ရေး ထပ်ဆင့်မျှဝေရှင်းလင်းခြင်း အစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီတွင် Online ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ကွမ်းလုံတံတားသစ် တည်ဆောက်ရေးစီမံကိန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Yunan Sunny Road & Bridge Co.,Ltd မှ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားဦးစီးဌာန သို့ ပေးအပ်လှူဒါန်း သည့် 40 Liter Oxygen အိုး အလုံး(၅၀) နှင့် Flow Meter (၁၅)ခု ကို ဇူလိုင် ၂၇ ရက်တွင် ချင်းရွှေဟော်နယ်စပ်ဂိတ်၌ လက်ခံရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

၁။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်နိုင်ရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် အောက်ပါအတိုင်း ဖွင့်လှစ် ထားပါသည်-

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ Arria Formula အစည်းအဝေးတစ်ရပ်ကို ၂၉-၇-၂၀၂၁ ရက်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည်။ Arria Formula အစည်းအဝေး၏ သဘော သဘာဝအရ အလွတ်သဘော ဆွေးနွေးမှုသာဖြစ်ပြီး အစည်းအဝေးမှ စာရွက်စာတမ်း တစ်စုံတစ်ရာ ထွက်ရှိခြင်း မရှိပါ။ လုံခြုံရေးကောင်စီ၏ လုပ်နည်းလုပ်ဟန်အရ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ကမကထပြု ဆောင်ရွက်နိုင်ပြီး အစည်းအဝေးသို့ ဖိတ်ကြား သူများ အားလုံးနှင့် တက်ကြွလှုပ်ရှားသူများလည်း အဟန့်အတားမရှိဘဲ ပါဝင်နိုင်ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

၁။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (CoVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါအတိုင်း ဖွင့်လှစ်ထားပါသည်-

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ပျံ့နှံ့လာခဲ့ပြီး မြန်မာနိုင်ငံသို့ ၂ဝ၂ဝ နှစ်ဆန်းပိုင်းမှ စတင်ဝင်ရောက်လာခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၁၂-၃-၂ဝ၂ဝ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာ ခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါ သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပျံ့နှံ့ ဖြစ်ပွားသည့် ရောဂါဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ အားလုံးတွင် အဆိုပါရောဂါကို ကာကွယ်ကုသရန်အတွက် ကြိုးပမ်းနေကြသလို မြန်မာနိုင်ငံတွင်လည်း ကာကွယ်ကုသရေး လုပ်ငန်းစဉ်များကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ဇူလိုင် ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ကန့်ဘလူ မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၂ မိုင်အကွာ တွင် အနက် ၁ဝ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၆ ဒသမ ၃ အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည့် အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ငလျင်ရိုက်ခတ်မှုဒဏ်ကြောင့် ဌာနမှ ထိန်းသိမ်း ထားသော ရေလှောင်တမံနှင့် ဆက်စပ် ရေအားအဆောက်အအုံများ ထိခိုက်မှုရှိ/ မရှိ ချက်ချင်း ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ကြီးဌာနပေါင်းစုံမှ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန် ကျန်ရှိသည့် ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရ | ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinopharm) ကို ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

လက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျှက်ရှိပြီး ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျှက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး ဆေးသို လှောင်အအေးခန်းတွင်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များနှင့် ဆေးထိုးအပ်များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ယနေ့ နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် မြစ်ကြီးနား၊ စစ်တွေနှင့် သံတွဲမြို့များသို့ ပို့ဆောင်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ယနေ့ကာလတွင် နိုင်ငံရေးကိုအကြောင်းပြု၍ မဟုတ်မမှန်သတင်းများ၊ ကောလာဟလ သတင်းများ၊ ပုံကြီးချဲ့ကားထားသောသတင်းများ လွှင့်ထုတ်နေကြသည်။ အဓိကမှာ နိုင်ငံရေး အမြတ်ထုတ်လိုသောကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်နေကြ သူများနှင့် ယင်းတို့နှင့် ပတ်သက်၍ အသိအမြင်လွဲမှားနေသူများ၊ အမှောင်ဖုံးနေသူများ ကလည်း နောက်မှလိုက်ပါကာ မမှန်သတင်းများ၊ ပုံကြီးချဲ့ထားသောသတင်းများကို ထပ်ဆင့်မျှဝေလာကြသည်။ ယနေ့အချိန် ကာလတွင် နိုင်ငံရေးကိစ္စသည် အဓိက မဟုတ်ပေ။ ကျန်းမာရေးကိစ္စ၊ လူ့အသက်ကိစ္စ၊ လူမှုရေးကိစ္စများမှာ အရေးကြီးနေ၍ ယင်းတို့အပေါ်ထိခိုက်စေနိုင်မည့်သတင်းစကားများ မပါးမိဖို့ လိုပေသည်။ ။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့ က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည်။ ၎င်းဆွေးနွေးပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံတွင် လတ်တလောရင်ဆိုင်နေရသည့် စိန်ခေါ်မှု များဖြစ်သည့် မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုအခြေအနေ၊ မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ အချက်(၅) ချက်ပါ သဘောတူညီချက်ဆောင်ရွက်နေမှု တိုးတက်မှုအခြေအနေ၊လူသားချင်း စာနာမှုအကူအညီ ပေးရေးဆိုင်ရာ ကိစ္စများနှင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အခြေအနေတို့နှင့် ပတ်သက်၍ ပြည်တွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသားပြည်သူတို့၏ အသံများကို နားထောင်ရန်အတွက် ဖြစ်သည်ဟု နိုင်ငံခြားသတင်း ဌာနတစ်ခု၏သတင်းတွင် တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ် ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများ ရုံးပိတ်ရက်မရှိ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အများပြည်သူ အလုပ်ပိတ်ရက် ရှည်ဖြစ်သည့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၈ ရက်အထိ ကုန်သွယ်ရေး ဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)ရုံးများသို့ ပို့ကုန်သွင်းကုန် လိုင်စင်လာရောက် လျှောက်ထားမှုများကို ပုံမှန်အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် ဖြစ်ပွားလာနိုင်သည့် ရောဂါများ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်၌ ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါဖြစ်ပွားမှု အရေးပေါ်ကာလ အတွင်း ပြည်သူများသွားလာရခက်ခဲပြီး၊ လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခြင်း မရှိစေရန် အတွက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကို Coronovirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လေယာဉ်၊ ရေယာဉ်၊ ရထား၊ မော်တော်ယာဉ် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2021

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်