Feb 07, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 07, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 07, 2022
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Feb 07, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော် မြတ်ကြီး လှိုဏ်ဂူတော်အတွင်း ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ အောင်စကြာမုနိ သိမ်တော်မြတ်ကြီးတွင် ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် စကြာမုနိသွန်းစက်တော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
Feb 07, 2022
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာပါခင်ဗျား -
Feb 07, 2022
ကယားပြည်နယ်အတွင်း အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် လွိုင်ကော်မြို့ပေါ်ရှိ ဥတ္တရုံဘုန်းတော်ကြီးကျောင်း၊ ဓမ္မဂုဏ်ရည် (မြကလပ်)ကျောင်းနှင့် မစိုးရိမ်ဘုန်းတော်ကြီးကျောင်းတို့တွင် ခေတ္တတိမ်းရှောင်နေကြသည့် ပြည်သူများနှင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် ယနေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက အိမ်ထောင်စု ၁ စုလျှင် ဆန် ၂ ပြည်နှင့် စားသောက်ဖွယ်ရာများအား ပြည်သူများ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Feb 07, 2022
သာစည်မြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၃၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Feb 07, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၊ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံမှတင်သွင်းသည့် ကုန်သေတ္တာနှစ်လုံး၌ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထား ခြင်းမရှိသော လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁,၄၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
Feb 07, 2022
မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်။ နှစ်ပေါင်းထောင်ချီ အတူလက်တွဲ နေထိုင်ခဲ့ကြသောနိုင်ငံဖြစ်၍ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲနေစေရန် အထူးလိုအပ်ပါသည်။ ပြည်ထောင်စုကြီး ထာဝရတည်တံ့ ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ဦးထိပ်ပန်ဆင်၍ ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်နေကြရမည် ဖြစ်ပါသည်။
Feb 07, 2022
ယခုနှစ်သည် မြန်မာနိုင်ငံ၏ စိန်ရတုလွတ်လပ်ရေး အကြိုနှစ်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုနှစ်ကို အရေးပါသည့် နှစ်အဖြစ် သတ်မှတ်ထားသည်။ လာမည့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်သည့်အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေရန် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနှင့် ပြည့်စုံဖို့အရေးကြီးကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရမည်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ် စတုတ္ထအချက်ထဲတွင်လည်း ဖော်ပြပြီးဖြစ်၍ သက်ဆိုင်သူများ၊ အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်လို ကြောင်းကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ပြောကြားခဲ့ပြီး ဖြစ်သည်။
Feb 06, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တောင်ပြင်ငယ်ကျေးရွာ စာသင်ကျောင်းအတွင်း ရောက်ရှိနေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ချေမှုန်း တိုက်ခိုက်ခဲ့သည်။
Feb 06, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်း များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 06, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ရှိ၊ ပုလဲမြို့မရဲစခန်းအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖေဖော်ဝါရီ ၅ ရက် ည ၈ နာရီခွဲခန့်တွင် ရဲစခန်း၏ အရှေ့ဘက် လယ်ကွင်းများအတွင်းမှနေ၍ လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ည ၁၀ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများသည် ရဲစခန်း၏ အနောက်ဘက် မြကုန်းကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။
Feb 06, 2022
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးတို့အတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်ဖြစ်သည့် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟု အစိုးရအနေဖြင့် မူဝါဒချထားပါသည်။ အဆိုပါလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NCA အတိုင်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
Feb 06, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒုတိယဝန်ကြီး ဦးဝင်းဖေ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေး
Feb 06, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဖေဖော်ဝါရီ (၄) ရက် နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတလျောက် (နေပြည်တော်-မန္တလေး) လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး မိုင်(၂၈၅)အနီးယာဉ်ရပ်နားစခန်း နေရာများတွင် စည်းကမ်းမဲ့ဈေးရောင်းချနေသည့် ကျူးကျော် ဈေးသည်များ မရှိစေရေး၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများကို မှာကြားသည်။ ဆက်လက်၍ တံတားဦးမြို့နယ် မန္တလေး - ရန်ကုန်လမ်းပေါ်ရှိ (ပန်းဆေးကျောင်း) တံတားဆောက်လုပ် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Feb 06, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
