Skip to main content

Feb 05, 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသ ကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ အား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့က ပုသိမ်မြို့ ကိုးသိန်းအားကစားခန်းမ၌ ပြုလုပ်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

မြန်မာနိုင်ငံသည် တိုင်းရင်းသားပြည်သူများ စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်သည်။ တိုင်းရင်းသားပြည်သူများမှာ ရေမြေသဘာဝ မျိုးနွယ်မတူကွဲပြား၍ အသွေးအရောင်ဓလေ့စရိုက် ခြားနားကြသော်လည်း တစ်မြေတည်းတွင် နှစ်ပေါင်းထောင်ချီ အတူလက်တွဲနေ ထိုင်လာခဲ့ကြသည့် ညီအစ်ကိုမောင်နှမမိသားစုဝင်များ ဖြစ်ကြသည်။ အချင်းချင်းအတူလက်တွဲ၍ တစ်ဦးနှင့်တစ်ဦး နားလည်လက်ခံနေထိုင် ကြခြင်းသည် တစ်မြေတည်းအတူနေသည့် ပြည်ထောင်စုစိတ်ဓာတ်ရှိနေ၍ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

၂၀၁၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့။ နှစ်ပေါင်း ၅၀ ကျော်ကြာ နိုင်ငံရေး နှင့် စီးပွားရေးတို့တွင် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်း အလှည့်အပြောင်းအဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် စတင်ပေါ်ပေါက်လာသည်။ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ဖူးသည့် အတွေ့အကြုံရှိခဲ့သည့်တိုင်အောင် ရာစုနှစ် ထက်ဝက်ကျော်မျှ ကင်းကွာနေခဲ့ပြီဖြစ်ရာ ပြန်လည်မွေးဖွားလာသည့် သီးကင်းနုနု ဒီမိုကရေစီ အခြေတည်မြဲမြံခိုင်ခံ့အောင် ထိုစဉ်က အစိုးရနှင့် ပြည်သူတို့များစွာ အားထုတ်ကြိုးပမ်းခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်အေးနုစိန် ၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးမောင်းဟာ၊ ရခိုင်ပြည်နယ်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့သည် ပြည်နယ်ဝန်ကြီးများဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့နယ် ဝါဘိုကျေးရွာသို့ အမြန်ရေယာဉ်ဖြင့် ရောက်ရှိကြရာ ဒေသခံပြည်သူများနှင့်အတူ ဝါဘိုကျေးရွာအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH/ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှ တစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန် သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၂)ခု၊ ယာဉ်စီးရေ (၂)စီးဖြင့် နှာခေါင်းစည်း (Mask) တန် (၁၀) ကို တင်သွင်းခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်မှုသင်တန်း ကျောင်းများ၏ ပညာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ ညွှန်ကြားရေးမှူးချုပ်များ၊ စက်မှုသင်တန်းကျောင်းများမှ နည်းပြ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက် သည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

(၄-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

NUG၊ CRPH နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုများအကြား အကြောက်တရားများ လွှမ်းမိုးပြီး အုပ်ချုပ်ရေးယန္တရားပျက်ယွင်း လာစေရေးအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်း များအားလက်လုပ်မိုင်း၊ လက်လုပ်ဗုံးများ အသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရေးအတွက် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ ရုံးဌာနအဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း များကိုလုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

ဝါစိုက်ပျိုး၊ ထွက်ရှိ၊ ထုတ်လုပ်၊ သုံးစွဲမှုကိန်းဂဏန်းများ မှန်ကန်စေရေးနှင့် ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၏ လစဉ်ပုံမှန် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာနတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်တွင် မွန်ပြည်နယ်၊ အကောက်ခွန်လှုပ်ရှား စစ်ဆေးရေး အဖွဲ့နှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း တာဝန်ကျပူးပေါင်းအဖွဲ့တို့သည် သတင်းအရ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော (၁၂)ဘီးကုန်တင်ယာဉ်ပေါ်တွင် သွင်းကုန်ကြေညာလွှာ ID ၌ ကြေညာထားသည်ထက် ပိုမိုတင် ဆောင်လာသော ကားတာယာမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၆၀၀,၀၀၀) နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Profia (၁၂)ဘီး ကုန်တင်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ အကြိမ် (၅၀) မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် Church ကျောင်းများအား ဆန်၊ ဆီနှင့်ကုလားပဲ ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

၂၀၂၂ ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်သည် ယနေ့နံနက်ပိုင်းတွင် စိန်ရတုပြည် ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အားကစားလေ့ကျင့်ရေး စခန်းရှိစားရိပ်သာ၌ တွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

ယနေ့ကာလတွင် သတင်းတု သတင်းအမှားများကြောင့် မလိုလားအပ်သောဖြစ်စဉ်များပေါ်ပေါက် လျက်ရှိသဖြင့် အဆိုပါသတင်းတု သတင်းအမှား များကို ချေဖျက်ရန် လိုအပ်သကဲ့သို့ သတင်းအမှန်များ ကိုသာ ရေးသားဖြန့်ချိသူများကိုလည်း ချီးမြှင့်ဂုဏ်ပြု ထိုက်သည်ဟု ယူဆပါသဖြင့် မြန်မာနိုင်ငံသတင်း ထိုက်သားဖြန့်ချိသကဲ့သို့သတင်းအမှား မီဒီယာကောင်စီက သတင်း/သတင်းဆောင်းပါး ဆုပြိုင်ပွဲ တစ်ရပ် ကျင်းပကာ ဆုများချီးမြှင့်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်း ကော်မတီ၏ (၁/၂၀၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ခရီးစဉ် တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကယားပြည်နယ်ရှိ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်