နေပြည်တော် ဖေဖော်ဝါရီ ၇
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ (ဌ)တွင် ပြဋ္ဌာန်းထား သော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေး ပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ် တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဦးစောဘလှိုင်နှင့် ဦးဘရန်ရှောင် တို့ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးစောဘလှိုင်နှင့် ဦးဘရန်ရှောင် တို့ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပြည်ထောင်စုပါတီ၊ လူထုပါတီ (The Party for People) နှင့် ပြည်သူ့အင်အား ပါတီတို့ကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်