လွိုင်ကော် ဖေဖော်ဝါရီ ၇
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်တွင် တည်ငြိမ် အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်နယ် လုံခြုံအေးချမ်းရေး အတွက် လုံခြုံရေး တပ်ဖွဲ့များကဆောင်ရွက်နေသကဲ့ သို့တစ်ဖက်ကလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပြည်သူ လူထုများ ပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နေရပ်ပြန် ပြည်သူများ အမြန်ဆုံးလက်ခံနိုင် ရေး ဆက်လက်ဆောင်ရွက်ရန်နှင့် ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက နေထိုင် စားသောက်ရေး အဆင်ပြေစေရန် နှင့် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွား မှုမရှိစေရန် စနစ်တကျ ဆောင် ရွက်သွားရန်လိုကြောင်း၊ မြို့နယ် အလိုက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင် ရွက်သွားရန် လိုအပ်ကြောင်းနှင့်ဌာနဆိုင်ရာ အသီးသီးက ကဏ္ဍအသီးသီးတွင် တက်ညီလက်ညီဖြင့် ပြည်နယ်အကျိုးအတွက် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများက မိမိဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံနေရသည့် အခက်အခဲ များကို တင်ပြခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေးသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ် ကတင်ပြဆွေးနွေးမှုအပေါ် လိုအပ် သည်များကို မှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)