နေပြည်တော် ဖေဖော်ဝါရီ ၇
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရား သူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံ ခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၄ / ၂၀၂၁ (တနင်္သာရီ)၊ တရားမအထူး အယူခံမှုအမှတ် ၉၈/၂၀၁၉ (စစ်ကိုင်း)၊ ၂၅/၂၀၂၀ (ရှမ်း)၊ ၂၆/၂၀၂၀ (ရှမ်း) ၊ ၂၇/၂၀၂၀ (ရန်ကုန်) နှင့် ၃၀/၂၀၂၀ (ရန်ကုန်) စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု ( ၁ )မှု နှင့် တရားမအထူးအယူခံမှု ( ၅)မှု တို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၂၉/၂၀၂၀ (စစ်ကိုင်း)၊ ၃၁/၂၀၂၀(ရခိုင်)၊ ၃၆/၂၀၂၀ (မန္တလေး)၊ ၃၉/၂၀၂၀ (စစ်ကိုင်း) နှင့် ၄၄/၂၀၂၀ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု ( ၅)မှု တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်