Oct 27, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များကို ရွှေနန်းထိုက်ဟိုတယ်၌ တွေ့ဆုံသည်။
Oct 27, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရတားက သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲပေးသွားမည်
Oct 27, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov အား ယနေ့ ညနေ ၅ နာရီခွဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 27, 2023
အစ္စရေးနိုင်ငံတွင်ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား ကယ်ထုတ်ရေးစီမံချက်အရ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် အောက်တိုဘာ ၂၅ ရက်တွင် တဲလ်အဗီးမှ EI AI Airline LY 081 ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ထွက်ခွာလာခဲ့ပြီး ယနေ့ညပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအမှတ် 8M 351 ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိကြသည်။
Oct 27, 2023
၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက်သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
Oct 27, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော်သာသနာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ရာဇဓာနီသာမဏေကျော်ကျောင်းတိုက်မှ သံဃာတော် ၃၁ ပါးနှင့် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်မှ သံဃာတော် ၃၄ ပါး စုစုပေါင်း သံဃာတော် ၆၅ ပါးတို့အား ဥတ္တရသီရိမြို့နယ် ခုတင် - ၅၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့်အဖွဲ့မှ အသည်းရောင်အသားဝါရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးနှံပေးနေခြင်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး သံဃာတော်များအား ဘီပိုးကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းလျှောက်ထားခဲ့ကြသည်။
Oct 27, 2023
မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့်ဆန်းသစ်တီထွင်မှုစီမံကိန်း အမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
Oct 27, 2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်ရုံး၊ ဟင်္သာတခရိုင်ရုံးနှင့် ဟင်္သာတမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အင်္ဂပူမြို့နယ်ရုံး၊ မြန်အောင်မြို့နယ်ရုံး၊ ကြံခင်းမြို့နယ်ရုံးနှင့် ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့နယ်ရုံးတို့ကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအားတွေ့ဆုံသည်။
Oct 27, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ပြည်မြို့ မြို့တော်ခန်းမ၌ နိုင်ငံရေးပါတီ ၆ ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များကို တွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုကအစ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
Oct 27, 2023
နေပြည်တော်ကောင်စီ၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
Oct 27, 2023
မြန်မာ့ရိုးရာယဉ်ကျေးမှု သုခုမအမွေအနှစ်များကိုဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ဂုဏ်သိက္ခာကို အလေးထားတန်ဖိုးထား ထိန်းသိမ်းရန်အတွက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ရင်တွင်းခံစားချက်များကို မေးမြန်းဖော်ထုတ်ရေးသားတင်ပြလိုက်ရပါသည်။
Oct 27, 2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
Oct 27, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇေယျာသီရိမြို့နယ်၌ စတုတ္ထနေ့အဖြစ် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့က ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။
Oct 27, 2023
ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာစေရန်၊ ထောပတ်သီးနှံမှ ပြည်ပပို့ကုန်ဝင်ငွေတိုးမြှင့် ရရှိစေရန်နှင့် ထောပတ်သီးနှံ၏ တန်ဖိုးကွင်းဆက်တစ်လျှောက် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဆွေးနွေးဖော်ထုတ်ရန် ရည်ရွယ်ကျင်းပသည့် “ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့်စိန်ခေါ်မှုများ” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Oct 27, 2023
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဖိတ်ကြားချက်အရ ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၏ Grand Ballroom ၌ ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
Oct 27, 2023
ပြန်ကြားရေးဝန်ကြီးဌာန၏ ဝန်ထမ်းများအတွက် သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေပွဲကို ယနေ့ညနေပိုင်း ရုံးဆင်းချိန်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Oct 27, 2023
တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၃) (Conference on Science and Technology Development – 2023) (CSTD-2023) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေ ပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကျင်းပသည်။
Oct 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ကျင်းပသည့် အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးအကပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။
Oct 27, 2023
အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသော အခြေခံကျသည့်လုပ်ငန်းများဖြစ်သည်။ နိုင်ငံများသည် MSME လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပြီး စီးပွားရေးဦးမော့လာကြသည်။ ထို့ကြောင့် အဓိကကျသည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
Oct 27, 2023
ယနေ့ကမ္ဘာတွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ အကျယ်လောင်ဆုံး ထုတ်ဖော်ပြောဆိုနေကြသည့်နိုင်ငံများမှာ အတိတ်ကာလက ကမ္ဘာတစ်ခွင်နယ်ချဲ့ဝါဒဖြင့် လွတ်လပ်သည့်နိုင်ငံများကို ကျူးကျော်သိမ်းပိုက်ခဲ့ကြသည့် ကိုလိုနီအင်ပါယာရှင် နိုင်ငံဟောင်းများ၊ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်ခဲ့သည့် နိုင်ငံများသာဖြစ်ကြသည်ကို တွေ့ရှိနိုင်သည်။ ထို့အပြင် အဆိုပါနိုင်ငံများသည် လူ့အခွင့်အရေးဟူသောခေါင်းစဉ်ကို လက်နက်သဖွယ်စွဲကိုင်၍ အုပ်စုဖွဲ့လှုပ်ရှားကာ ၎င်းတို့လိုလားသည့် နိုင်ငံများအပေါ်တွင် စံတစ်မျိုး၊ ၎င်းတို့မလိုလားသည့် နိုင်ငံများအပေါ်တွင် စံတစ်မျိုးဟူ၍ စံနှစ်မျိုးကိုလည်း ခွဲခြားကျင့်သုံးကြသေးသည်။
