Skip to main content

Oct 25, 2023

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (The Union of Myanmar Bamar Ethnic Entrepreneurs Association- UMBEEA) နှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်က ကျင်းပရာ UMBEEA ၏ ဥက္ကဋ္ဌ ဦးကျော်ဒေဝက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

မန္တလေးမြို့နန်းမြို့ရိုးနှင့် ကျုံးရေပြင်ကြား ရတနာပုံဥယျာဉ်တွင်ပြုလုပ်မည့် မြန်မာ့ရိုးရာသီတင်း ကျွတ် မီးထွန်းပွဲတော်ကို ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ စည်ကားသိုက်မြိုက်စွာ ကျင်းပရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က မဲဆန္ဒရှင်ပြည်သူ များနှင့်တွေ့ဆုံ၍ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇေယျာသီရိမြို့နယ်၌ ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၂၃ ရက် ညနေပိုင်းတွင် ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော်ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ပြုလုပ်ရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ သစအဓမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏ ပဝရ သီရိမဟာ ဓမ္မာဂုရု လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

အောက်တိုဘာ ၂၃ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ သည့် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက် အလက်သိနားလည်မှု ရက်သတ္တပတ် (Global Media and Information Literacy Week 2023) လှုပ်ရှားမှုအဖြစ် နေပြည်တော် တပ်ကုန်းမြို့နယ် (ရွှေမြို့) အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကြီးကြပ်သူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၅၅ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လာရောက်ကြည့်ရှု လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၉ ရက်က ကံပိုင်တည်ကုန်သွယ်ရေးစခန်း၊ မြန်မာ-တရုတ်နယ်စပ်ချစ်ကြည်ရေး လိုဏ်ဂူအနီး(မြန်မာဘက်ခြမ်း)၌ ပိုင်ရှင်မဲ့ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့်

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် အောက်တိုဘာ ၂၂ ရက်တွင် ဝါးခယ်မမြို့နယ် ရွှေလောင်းကျွန်းပတ်တာအတွင်းရှိ ထော်ကနွတ် ရေထိန်းတံခါးကို ကြည့်ရှုစစ်ဆေးပြီး ရေသွင်း၊ ရေထုတ် ပုံမှန်ဆောင်ရွက်နိုင်ရေး၊ မိုးစပါးများ ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်နှင့် နွေစပါးရေရရှိရေးအတွက် ရေသိုလှောင်ပေးသွင်းနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ရိုးရာအနုသုခုမပညာရပ်များကို ဖော်ထုတ်နိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ဂုဏ်သိက္ခာကို တန်ဖိုးထားထိန်းသိမ်းနိုင်ရန်အတွက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

အောက်တိုဘာ ၂၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု ရက်သတ္တပတ် (Global Media and Information Literacy Week 2023) လှုပ်ရှားမှုအဖြစ် နေပြည်တော်တပ်ကုန်း မြို့နယ် (ရွှေမြို့) အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကြီးကြပ်သူဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၅ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော် (တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လာရောက်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်အလုပ်ဌာန ၁၁၄၁ ဌာနနှင့် အာမခံအလုပ်သမား ၃၇၁၀၄ ဦးတို့အား အကျုံးဝင်မှတ်ပုံတင်ထားရှိပြီး လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သာကေတမြို့နယ်မှ အကျုံးဝင် မှတ်ပုံတင်ထားသည့် တက်လမ်းကွန် ကရစ်ကုမ္ပဏီအလုပ်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အာမခံအလုပ်သမား ဦးဖိုးလပြည့်၏ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကို အောက်တိုဘာ ၂၄ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးရုံး၌ပြုလုပ်ရာ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဦးသိန်းနွဲ့ဦး၊ တွံတေးမြို့နယ် လူမှုဖူလုံရေးရုံး ရုံးခွဲတာဝန်ခံနှင့် အလုပ်ဌာနမှ တာဝန်ရှိသူများ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ကွမ်ရှီး ရေဒီယိုနှင့်ရုပ်မြင်သံကြားဌာန သို့လည်းကောင်း၊ ကွမ်ရှီးရေဒီယိုနှင့် ရုပ်မြင်သံကြားဆိုင်ရာ  သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုဌာနသို့ လည်းကောင်း သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

မြန်မာနိုင်ငံဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃-၂၀၂၄) ကြိမ် မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်း က နည်းပညာတက္ကသိုလ် (မန္တလေး)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးမြို့ရှိ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ အစိုးရ နည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများမှ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဒေသခံ MSME လုပ်ငန်းရှင်များနှင့် ပြည်သူများကို Hybrid စနစ်ဖြင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ထပ်တူအမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့် ဦးတည်ချက် (၄) ရပ်ဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ သတ်မှတ်နေရာများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ပြည်ထောင်စု ရွေးကောက်ပွဲ‌ ကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် သည် ယနေ့နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ နိုင်ငံ‌ရေးပါတီ ၇ ပါတီမှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအား တွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုကအစ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပါတီဝင်အင်အားစာရင်းများအား ပူးပေါင်းအဖွဲ့ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခု ထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး စယ်ရဂေးအာလယဲနိခ်၏ဖိတ်ကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင်ကျင်းပမည့် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့် ညီလာခံသို့တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်(၂၂၈)ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်