နေပြည်တော် ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများက နယ်မြေခံတပ်နယ် အောင်ဆန်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ချီးမြှင့်ငွေများပေးအပ်
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့ပြင် နယ်မြေခံဆေးကုသရေးအဖွဲ့က ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်