Skip to main content

Oct 26, 2023

​​​​​​​ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၅-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၅၅၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး အသစ်အဖြစ် ခန့်အပ်ခြင်းခံရသည့် မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် အား ၂၆-၁၀-၂၀၂၃ ရက်နေ့ ၁၃၃၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၀)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၅/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (လမ်း/တံတား) မှ တာဝန်ယူတည်ဆောက်မည့် ရွှေတိဂုံစေတီတော် (အနောက်ဖက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား) မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက်အဦ ရတနာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊  ဦးဝိစာရလမ်း၌ ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် တိပိဋက ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စေတိယင်္ဂဏပဝရ သီရိမဟာဓမ္မာဂုရု သ.စ.အဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ၊ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်တွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသက်ခဲ့ရာ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား ၉၅ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ခံ၊ ပျဉ်ထောင် ၂ ထပ်ကျောင်းဆောင်အဆောက်အဦ ၁ လုံးနှင့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ RC ၂ ထပ် သင်ထောက်ကူအဆောက်အဦ ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်ကိုးဆယ့်သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ်ခန့်ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားသော အဆောက်အဦများအား ပြန်လည်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသူ၊ကျောင်းသားများအား ကျောင်းပြန်လည်ဖွင့်ချိန်တွင် နှစ်သုတ်တက်စနစ်ဖြင့် အရှိန်မပျက်ပညာသင်ကြားနိုင်ရေး စီစဉ်ထားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ကို ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ(၂၀၂၃)

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)တွင် သံဃာတော် ၄၁၇ ပါးအား ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့် မိသားစုဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံ ဦးစန်းလှိုင်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အသည်းရောင်/အသားဝါဘီပိုး ရောဂါကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် တက်ရောက်ကုသနေသော(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရုပ်သေးအကဲဖြတ် ပညာရှင်အဖြစ် ဆောင်ရွက်ရန်ရောက်ရှိနေသည့် ရုပ်သေးအကဲဖြတ်ပညာရှင် ဦးစိန်ထွန်းကြည် အသက် (၈၄)နှစ်ကို သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip-FAM Trip) အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်သည့်ခရီးစဉ်တွင် လိုက်ပါလာသည့် ရုရှားခရီးသွားကိုယ်စားလှယ်များအား ယနေ့ နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်၍ အမှတ်တရပန်းစည်း ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံပညာသင်ရိုးသစ်နှင့် လိုက်လျောညီထွေဖြစ်မည့် အဆင့်မြင့်ပညာသင်ရိုးသစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ပြိုင်ပွဲအစီအစဉ်များကို ပြည်ထောင်စုနယ်မြေအတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တို့တွင် အကောင်းဆုံးစွမ်းဆောင်ခဲ့ပြီး ဗဟိုအဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်သော ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် စေတနာသွေးလှူရှင်များသည် ယနေ့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စုပေါင်းပြီး သွေးလှူဒါန်းကြရာ နေပြည်တော် ခုတင်(၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးသို့ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး သွားရောက် ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ရိုးရာအနုသုခုမပညာရပ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

ယနေ့ နံနက် ၃ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” အဖြစ်သို့ အားလျော့သွားခဲ့ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့ တောင်ဘက်အနီးမှ ဖြတ်ကျော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်