Oct 28, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် (၁၀) ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ် (10th Beijing Xiangshan Forum) သို့တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြသည်။
Oct 28, 2023
၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
Oct 28, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၇-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၂၆၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Oct 28, 2023
နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၇ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၇၀၉ ဦးတို့အတွက် Panda Pack (မေတ္တာအိတ်ထုပ်) များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရတနာမှန် ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်း၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် China Foundation for Rural Development (CFRD) မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 28, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၃ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Oct 28, 2023
အနုသုခုမပညာသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဆိုင်ရာ အရေးပါလှသော ကဏ္ဍကြီးတစ် ရပ်ဖြစ်သည်။ မြန်မာ့အနုသုခုမပညာသည် သမိုင်းစဉ် ခေတ်အလိုက် တိုးတက် ထွန်းကားလာသည့်နှင့်အမျှ တစ်ခေတ်ပြီးတစ်ခေတ် အပြောင်းအလဲတွင် ပျောက်ကွယ်တိမ်မြုပ်သွားကြ သည်လည်း အများအပြားရှိခဲ့သည်။ ခေတ်အသီးသီးအလိုက် ယဉ်ကျေးမှု အဆင့်အတန်းမြင့်
Oct 28, 2023
နေပြည်တော် အောက်တိုဘာ ၂၇
Oct 28, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၌ ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိအဆင့်သင်တန်း ဖွင့်လှစ် သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။
Oct 28, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန်ရည် ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk)၏ အမှတ်စဉ်(၃၅) ဆွေးနွေးပွဲအဖြစ် “အသိပညာမျှဝေခြင်း၏ အရေးပါပုံနှင့် အသိပညာမျှဝေသည့် အလေ့အထအပေါ် လွှမ်းမိုးသည့်အချက်များအား လေ့လာဆန်းစစ်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 28, 2023
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် (၃၆)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များ က အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိသည်။
Oct 28, 2023
၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ယနေ့နံနက်ပိုင်းမှစတင်၍ ပြည်တွင်း ရတနာကုန်သည်များက မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြ သည်။
Oct 28, 2023
ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း စေတီ၊ ပုထိုး များနှင့် ဧရာဝတီမြစ်၏ ဆည်းဆာအလှကို အပြည့်အဝ ကြည့်ရှုခံစားရန် စူဠာမဏိကန် (ဖိုးသူတော်ကန်) နှင့် ညောင်လက်ဖက်ကန် ကုန်းတို့မှ အများဆုံး ကြည့်ရှုခံစားကြလေ့ ရှိကြောင်း သိရသည်။
Oct 28, 2023
ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 28, 2023
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေး ရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ပြီး သီတင်းကျွတ် ဈေးရောင်းပွဲတော်ကြီးတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သည့်ပစ္စည်းများ၊ MSME လုပ်ငန်းများ၊ အသေးစားစက်မှု လုပ်ငန်းများ၊ သမဝါယမဝန်ကြီးဌာနမှ ထုတ်ကုန်များ၊ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ကုန်ပစ္စည်း များကို ဆိုင်ခန်းပေါင်း ၅၀၀ ခန့်ဖြင့် ပြသရောင်းချလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်း များအပါအဝင် ပြည်သူများ ဝယ်ယူအားပေးမှုများပြားခဲ့သည်။
Oct 28, 2023
မြန်မာ့ရိုးရာယဉ်ကျေးမှု သုခုမအမွေအနှစ် များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ် မျိုးဆက်သစ်များကို နိုင်ငံနှင့် လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို အလေးထားတန်ဖိုးထား ထိန်းသိမ်း ရန်အတွက် (၂၄)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပ လျက်ရှိရာ အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာ ရှင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်း ခံစားချက်များကို ဖော်ထုတ်ရေးသား တင်ပြလိုက်ရပါသည်။
Oct 28, 2023
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ စတုတ္ထ နေ့ကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
Oct 28, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော်သည် ယနေ့နံနက် ၉ နာရီခွဲတွင် မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီသုံးခုမှ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌများ၊ အမှုဆောင်များနှင့်တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ ဥပဒေနှင့်အညီ စိစစ်နေမှုနှင့်ပြီးစီးနေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေး၍ သတ်မှတ်ကာလ အတွင်းလုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက် ဆွေးနွေးမှာကြားသည်။
Oct 28, 2023
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ နိုင်ငံရေးပါတီ ၇ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီဥက္ကဋ္ဌများ၊ တာဝန်ခံများနှင့် မြို့နယ်တာဝန်ခံများအားတွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုမှအစ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်း ဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအား ကောင်းသောနိုင်ငံရေး ပါတီများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၃) သတ္တမအကြိမ် အောင်မြင်စွာ ကျင်းပပြီးစီး
Oct 28, 2023
အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၃) “Conference on Science and Technology Development – 2023 ” ကို အောက်တိုဘာ ၂၆ ရက်မှ စတင်ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ်အဆင့်မြင့်စာပေပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်၌ ကျင်းပပြုလုပ်သည်။
Oct 28, 2023
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) ၂၀၂၃-၂၀၂၄ (၁၃၈၅-၁၃၈၆)ခု၊ ပညာသင်နှစ်အတွက် သာသနတက္ကသီလ ဓမ္မာစရိယ(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/ သာမဏေများသည် အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟ စာသင်တန်းတစ်ခုခု အောင်မြင်ပြီး သက်တော် (၃၀)နှစ်၊ သိက္ခာ (၁၀)ဝါအောက် ရှိရမည်။
