Skip to main content

Oct 25, 2023

လူတို့သည် မိမိနိုင်ငံ၊ မိမိပတ်ဝန်းကျင်မှ ဖြစ်ပေါ်တိုးတက်မှုများကိုသိလိုကြသည်။ သတင်းဟူသည် လူတို့အတွက်အာဟာရတစ်မျိုး။ သတင်းစာပညာအရ ကောင်းကျိုးလည်း သတင်း၊ ဆိုးပြစ်လည်း သတင်းဟုဆိုသည်။ လူတို့၏သဘာဝအရ ကောင်းသတင်းလည်းသိလို၊ မကောင်းသတင်းလည်းသိလိုကြသည်။ ကောင်းသတင်းအသိသည် လူတို့၏ဦးနှောက်အသိပညာဉာဏ်၊ ပိုင်းခြားချင့်ချိန်ဉာဏ်၊ မြော်မြင်ဉာဏ်အတွက် အားတိုးဆေးဖြစ်သည်။ မကောင်းသတင်းအသိသည် ဆန့်ကျင်ဘက်အားဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်‌ရေးဟူသော စီးပွားရေးဦးတည်ချက်တစ်ရပ်လည်းပါဝင်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် နိုင်ငံ့လူဦးရေ၏သုံးပုံနှစ်ပုံခန့်က တိုက်ရိုက်အားဖြင့်လည်းကောင်း၊ ဆက်စပ်၍လည်းကောင်း ပါဝင်ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှုကဏ္ဍများဖြစ်ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် နိုင်ငံ့စီးပွားကိုအထောက်အကူပြုနိုင်မည့်အပြင် ကျေးလက်ပြည်သူများ၏ လူမှုဘဝများကိုလည်း တိုးတက်စေမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-II) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်ပြီး ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၃-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၇၂၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည် များပြားနိုင်ကြောင်းနှင့် တည်းခိုခန်းနှင့် ဟိုတယ်များတွင် အခန်းပြည့်လုနီးပါး ကြိုတင်မှာယူထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့၏ အနောက် - အနောက်မြောက်ဘက် ရေမိုင် ၄၂၅ မိုင်ခန့်၊ သံတွဲမြို့၏ အနောက်ဘက် ရေမိုင် ၄၁၀ ခန့်၊ စစ်တွေမြို့၏ အနောက် - အနောက်တောင်ဘက် ရေမိုင် ၃၅၀ ခန့်၊ အိန္ဒိယနိုင်ငံ ပါရာဒစ်မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၅၀ ခန့်၊ ဒီဂါမြို့၏ တောင်ဘက် ရေမိုင် ၂၂၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးတည်ချက် (၄)ရပ်

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

လူငယ်များအနေဖြင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် အိမ်တွင်းအသေးစား တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရင်း ဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ် (၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

မွေးမြူရေးဆိုင်ရာ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးအတွက် နွား၊ ကြက်၊ ဝက်၊ ငါး မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ရေးသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ မွေးမြူရေးသုတေသနဦးစီးဌာန၌ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ် ညွှန်ကြားရေးမှူးရုံးနှင့် မြန်မာစီပီလိုက်(ဖ်) စတော့(ခ်)ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ သင်တန်းပို့ချပေးကြမည့် ပညာရှင်များ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

၂၀၂၃ အာဆီယံ-တရုတ် မီဒီယာဖိုရမ်ကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့ Guangxi New Media Center ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ဦးစီးအရာရှိ၊ စာရင်းစစ်မှူး၊ ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၄/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်ဇော်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက တင်ပြလာသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားခရိုင်အတွင်းရှိ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး (၁)စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

နေပြည်တော် အောက်တိုဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ကမ်းနားလမ်းရှိ အောင်တံခွန် ငါးလေလံဈေးအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drone အသုံးပြု၍ ဗုံးသီးများ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးအား ကူဝိတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။        

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ဆက်လက်ကျင်းပနိုင်မှု အပေါ်မှာ ကျွန်တော်တို့ကတော့ အနုပညာမြတ်နိုးတဲ့သူတွေ၊ အနုပညာရှင်တွေ လည်းဖြစ်တယ်။ ကိုယ်မြတ်နိုးတဲ့ ကိုယ့်ရဲ့ယဉ်ကျေးမှုအနုပညာကို တိုးတက်မြင့်မား ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းသာလို့မဆုံးပါဘူး။ အနုပညာ ဆိုတာဇာတ်ညွှန်း၊ ဇာတ်လမ်းအပေါ် မှာလည်း မူတည်တယ်။ အသံသမားတွေ၊ ကြိုးဆွဲသမားတွေ၊ ဆိုင်း၊ စာရေးသားမှု တွေအပေါ်မှာလည်း မူတည်တယ်ဆိုတော့ အဲဒီအပေါ်မှာပဲ မူတည်အမှတ်ပေးပြီး ပထမ၊ ဒုတိယ၊ တတိယဆိုတဲ့ ဆုတွေ သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။ အနုပညာရပ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းဖို့ အတွက်ကတော့ အမြဲတမ်းလိုနေတာပါ။

ဆက်လက်ဖတ်ရှုရန်