Skip to main content

Feb 01, 2022

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့နှင့် လောက်ကိုင်မြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နှင့် နမ့်စန်မြို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် ၅ မြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည် နယ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ် မြို့၌လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို ့တို့၌ လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခန္တီးမြို့နှင့် မော်လိုက်မြို့၌ လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်နှင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၅ မြို့ နယ်တို့၌လည်းကောင်း အသီးသီးပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2022

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၈၁ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့ကို လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်မှာ တစ်နှစ်တာခရီးရောက်ရှိခဲ့ပြီ ဖြစ်သည်။ တစ်နှစ်တာကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို ပြတ်ပြတ်ထင်ထင် မြင်တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2022

ငါးနှစ်လျှင် တစ်ကြိမ်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲက မြန်မာနိုင်ငံကဲ့သို့သော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံ အတွက် လွန်စွာအရေးကြီးသည်။ အထူးသဖြင့် ဒီမိုကရေစီသက်တမ်း လွန်စွာနုနယ်သေးသည့် မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီလမ်းကြောင်းမှ ဖယ်ကြဉ်တိမ်းစောင်း မသွားစေရေးကလည်း ပို၍ပင်အရေးကြီးသေးသည်။ ဝါရင့်ဒီမိုကရေစီ နိုင်ငံကြီးများ၏ သမိုင်းအတွေ့အကြုံများအရ ဒီမိုကရေစီထူထောင်ရေး လမ်းကြောင်းများမှာ လွယ်လွယ်ကူကူ၊ ချောချောမွေ့မွေ့မဟုတ်ဘဲ အခက်အခဲ၊ အကျပ်အတည်းများကို ကြမ်းကြမ်း တမ်းတမ်း ရင်ဆိုင်ကျော်လွှားခဲ့ကြရသည့် သာဓကများရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2022

CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ မဟုတ်မမှန်လုပ်ကြံဆွဲဆောင်စည်းရုံးမှုကို နားယောင်ကာ ကယားပြည်နယ်ဘက်သို့ ထွက်ခွာလာသော ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အထက(ရွှေမြယာ)မှ နဝမတန်း ကျောင်းသား မောင်ဇွဲသက်ပိုင်(၁၅ နှစ်)၊ မောင်ရဲမင်းထွေး (၁၆ နှစ်)၊ ဒသမတန်းကျောင်းသား မောင်ဥက္ကာမင်းမောင် ( ၁၅ နှစ်)၊ မောင်ကောင်းသန့်နိုင်( ၁၅ နှစ်)၊ မောင်သန်းထိုက်( ၁၅ နှစ်) တို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများနှင့် တာဝန်သိ ပြည်သူများ ပူးပေါင်း၍ ရှာဖွေစုံစမ်းခဲ့ရာ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် ပြန်လည် တွေ့ရှိခဲ့ပြီး မိဘများ၏ရင်ခွင်သို့ ပြန်လည် ပို့ဆောင်အပ်နှံပေး ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2022

၁။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၀၉၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေးတို့ကို အလေးထားဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဖြစ်ပေါ်နေသည့် အခြေအနေ များကို ခြုံငုံသုံးသပ်မှုများအရ ပြည်တွင်းပြည်ပ အဖျက်သမားများနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေသည့် အခြေအနေများနှင့် လက်ရှိအခြေအနေ တွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အချို့တို့၌ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများရှိနေသကဲ့သို့ နိုင်ငံအတွင်း မြို့နယ်အချို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများ ခန့်ထားရန် ကျန်ရှိနေသေးသည့် အခြေအနေများကြောင့် စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉ အရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေးတို့အတွက် ဆက်လက် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅ အရ တင်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2022

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2022

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် တတိယနေ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနများရှိ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်ပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းကို ပြန်လည်ကုစားနိုင်ရန်၊ နိုင်ငံ၏ ပို့ကုန်တင်ပို့မှု၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှကုန်စည်များတင်သွင်းမှု အတွက် နိုင်ငံခြားငွေကြေးအသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်ပမှတင်သွင်းမှုများသည့် ကုန်စည်များကို သွင်းကုန် လိုင်စင်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ အိမ်သုံး အောက်ဆီဂျင်စက် Oxygen Concentrator (၈)ခုတို့အား တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ (၃၀)ရက် မွန်းလွဲပိုင်းက သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ဟိန္ဒူဘုရားကျောင်းသို့ရောက်ရှိပြီး ဘုရားကျောင်းပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ထောက်ပံ့ငွေ(၁၀)သိန်းပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်