နေပြည်တော် ဖေဖော်ဝါရီ ၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်တွင် မွန်ပြည်နယ်၊ အကောက်ခွန်လှုပ်ရှား စစ်ဆေးရေး အဖွဲ့နှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း တာဝန်ကျပူးပေါင်းအဖွဲ့တို့သည် သတင်းအရ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော (၁၂)ဘီးကုန်တင်ယာဉ်ပေါ်တွင် သွင်းကုန်ကြေညာလွှာ ID ၌ ကြေညာထားသည်ထက် ပိုမိုတင် ဆောင်လာသော ကားတာယာမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၆၀၀,၀၀၀) နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Profia (၁၂)ဘီး ကုန်တင်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည် တင်ယာဉ်(၁)စီးပေါ်မှ ခရီးသည်ဝန်စည်များနှင့်အတူ ရောနှောတင်ဆောင်လာပြီး တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅,၀၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဖေဖော်ဝါရီ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တန့်ဆည်မြို့နယ်တွင် တရားမဝင်တင်ဆောင်လာသော နွား(၃၄)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၀၀၀,၀၀၀)အား တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ လည်းကောင်း၊ စစ်ကိုင်းမြို့နယ်တွင် (လိုင်စင်မဲ့) HONDA FIT ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၅၀၀,၀၀၀) အား ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်သော ပူးပေါင်းစစ် ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျွန်းသစ်(ဗုံတို/တိုင်) (၃ ဒသမ ၁၆၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၀၀၀) သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇,၅၈၅,၀၀၀) ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် သတင်း အရသွားရောက်စစ်ဆေးခဲ့ရာ သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ် (၁ ဒသမ ၂၀၄၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀,၆၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ပါ၍ ဖေဖော်ဝါရီ ၃ ရက် နှင့် ၄ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၇၆၅,၆၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)