Skip to main content

လူသားချင်းစာနာမှု ကူညီထောက်ပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၃

လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်း ကော်မတီ၏ (၁/၂၀၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ တွင် ကော်မတီအနေဖြင့် လူသားချင်းစာနာမှုကူညီ ထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို အဓိက တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ် မြို့နယ် ရှစ်မြို့နယ်သို့ ရောက်ရှိ ခဲ့ပြီး ပြန်လည်လက်ခံရေးစခန်းများနှင့် ပြန်လည် နေရာချထားရေး ဆောင်ရွက်မည့် နေရာများ၊ IDP စခန်းများသို့ သွားရောက်ခဲ့ပါကြောင်း၊ ခရီးစဉ်တွေ့ရှိချက်များအပေါ်တွင် လုပ်ငန်းကော်မတီ အလိုက် ဝန်ကြီးဌာနအလိုက် လုပ်ဆောင်ရမည့် အချက်များကိုလည်း ညှိနှိုင်းပေါင်း စပ်ကော်မတီက ဖြန့်ဝေပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း။

တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်သူများ၊ ၎င်းတို့၏မူရင်းနေရပ်သို့မိုးမကျမီ ပြန်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ ပိုးရေး၊ တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ ရာတွင် စာရင်းကျန်ရှိမှုများ မဖြစ်ရန် သေချာစွာစိစစ် ထောက်ပံ့ပေးရေးတို့အတွက် သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများ၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာ-အိန္ဒိယ MoU အရ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တတိယနှစ်အတွက် အဆိုပြုလုပ်ငန်း စီမံကိန်းများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စီမံကိန်းအဆိုပြုလွှာများပြုစုဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရက စီမံကိန်း အဆိုပြုလွှာများ ပေးပို့လာပါက နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် အိန္ဒိယသံရုံးသို့ ပေးပို့သွား  မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီဝင်များ ( အနေဖြင့် လုပ်ငန်းကော်မတီ၏ အဓိကတာဝန်ဖြစ် သည့် လူသားချင်း စာနာမှုအကူအညီအထောက်အပံ့ ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွက် ယခင် ကတည်းက ရေးဆွဲထားသော Rakhine Action  Plan ကို ပြန်လည်လေ့လာပြီး မိမိတို့နှင့် သက်ဆိုင် သည့် စီမံကိန်း၊ စီမံချက်များကို Plan တွင်ပါဝင်သည့်  အချက်များအပေါ် အခြေခံ၍ ဌာနအလိုက် လုပ်ငန်း  အတွေ့အကြုံအလိုက် ပိုမိုကောင်းမွန်သော စီမံချက် များ ဖြည့်စွက်အကြံပြုပေးကြရန် ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ  ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော် မင်း က ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေး နှင့် ပြန်လည်နေရာချထားရေးအတွက် စခန်းများ ဖွင့်လှစ်ကာ လုပ်ငန်းအလိုက် စနစ်တကျ စုဖွဲ့ ဆောင်ရွက်နေမှု၊ ဒေသတွင်းနေရပ်စွန့်ခွာနေရသူ များကို ဦးစားပေးအလိုက် နေရာချထားမှုများ ဆောင်ရွက်ပေးနေမှု၊ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင် သွားပြီး ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအပေါ်မူတည်ကာ လိုအပ်သောစိစစ်မှုများ ဆောင်ရွက်ပြီးမှသာ ပြန်လည်လက်ခံရေးအတွက် တင်ပြဆောင်ရွက် သွားရန် စီစဉ်ထားရှိမှု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပေးပို့လာသော ပြန်လည်ဝင်ရောက်လိုသူ စာရင်း များအနက် ကနဦးစမ်းသပ် အစီအစဉ်ဖြင့် ဆောင် ရွက်ရန် စီစဉ်ထားရှိမှုများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက်အစည်းအဝေး တက်ရောက်လာကြ သော လုပ်ငန်းကော်မတီဝင်များဖြစ်သည့် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ရခိုင်ပြည် နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူ များက လုပ်ငန်းကော်မတီနှင့် ပတ်သက်၍ ရေးဆွဲ ထားသည့် စီမံချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

ထို့နောက်လုပ်ငန်းကော်မတီဥက္ကဋ္ဌပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်