Skip to main content

Jul 27, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီး မှ ရုံးပိတ်ရက်ရှည်ကာလအတွင်းနေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့ စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၂၆-၇-၂၀၂၁ ရက်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၈ဝ မှ Oxygen Generator / Oxygen Concentrator ၃၁၈၂ ခု၊ Oximeter ၂၃၅၅၇ ခု၊ Oxygen Regulator ၁၀၃၂ ၊ Thermometer ၁၀၂၀၊ Test Kit ၅၀၀၀၊ Remdesivir

ဆက်လက်ဖတ်ရှုရန်

Jul 27, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေး စခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက် ရှိရာ ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2021

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက် များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားရေးအဆင်ပြေစေရေး အတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2021

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ဇူလိုင် ၄ ရက်မှ ၂၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း ၆၅၆ ဦး ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရန် ရမည်းသင်းခရိုင် ကုသရေးဦးစီးဌာန အထွေထွေရောဂါအထူးကု သမားတော် ဒေါက်တာ စိုးထွဋ်ခေါင်အား ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက သွားရောက်တွေ့ဆုံမေးမြန်း ထားပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

ပင်စင်စား မိဘပြည်သူများသို့ ပန်ကြားချက်

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များဖော်ထုတ်ဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက Online ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က ပိုးတွေ့လူနာများ အတွက် လိုအပ်သော ဆေးဝါးများနှင့်အောက်ဆီဂျင်အိုးများ ရရှိရေး၊ ပိုးတွေ့ လူနာများအား စနစ်တကျ ပြုစုစောင့်ရှောက်ကုသပေးနိုင်ရေး၊ ကျေးရွာများတွင် ပိုးတွေ့လူနာများ ထားရှိနိုင်ရေးအတွက် စာသင်ကျောင်းများအား ကုသရေးစင်တာများအဖြစ် ထားရှိ ဆောင်ရွက်နိုင်ရေး စသည်တို့ကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် ပတ်သက်၍ ဘားအံမြို့ ဆေးပညာအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ချိုချိုစန်းထူးနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်တို့အား တွေ့ဆုံမေးမြန်းထားပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး၊ ဆေးနှင့် ဆေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလ အတွင်း နေ့စဉ်ရုံးပိတ်ရက် မရှိလွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၂၅-၇-၂၀၂၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကုမ္ပဏီ ၉၄ ခုမှ Oxygen Concentrator ၂၆၇၆ ခု၊ Oximeter ၂၀၉၀ ၊ Oxygen Regulator ၁၅၉၀ ၊ NILRISE FAVIPIRAVIR TABLET ၁၀၀၊ Test Kit ၄၇၂၉၃ ခု၊ NasalCannula၁၂၀ ၊ Testing Reagent ၃၃၂၀၀ ၊ Flow Meter ၄၀၀ ၊

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က သတင်းအရ တာချီလိတ်မြို့နယ် မိုင်းဆတ်-တာချီလိတ် ကားလမ်း၊ လွယ်တော်ခမ်းကျေးရွာအုပ်စု လွယ်တော်ခမ်းကျေးရွာအနီးတွင် လီညာမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်မည့် ငွေကျပ်သိန်း ၁,၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၉၂ ကီလိုနှင့် ဘိန်း ၂၈၈ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

အင်းစိန်ထောင်အတွင်း အခြေအနေများနှင့်ပတ်သက်၍ လူမျိုးတုံး သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဒေါက်တာဆာဆာ၏ ပြောကြားချက်ကို ဒီဗွီဘီသတင်းဌာနမှ ဖော်ပြခဲ့မှုနှင့်စပ်လျဉ်း၍ ဖြစ်စဉ်အမှန်ကို အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်အား မြန်မာအသံနှင့် ရုပ်မြင်သံကြားက ဇူလိုင် ၂၅ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့မှုကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

အကြမ်းဖက်ခြင်း သင်နှင့် အနီးဆုံးမှာနှင့် နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆောင်းပါးများ စာအုပ်ထွက်ရှိလာပြီ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိရာ ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဇူလိုင် ၂၄ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီးရှိဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ် ကုန်သွယ်ရေးစခန်းများ အနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာနများ နှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်