နေပြည်တော် ဖေဖော်ဝါရီ ၃
ယနေ့ကာလတွင် သတင်းတု သတင်းအမှားများကြောင့် မလိုလားအပ်သောဖြစ်စဉ်များပေါ်ပေါက် လျက်ရှိသဖြင့် အဆိုပါသတင်းတု သတင်းအမှား များကို ချေဖျက်ရန် လိုအပ်သကဲ့သို့ သတင်းအမှန်များကိုသာ ရေးသားဖြန့်ချိသူများကိုလည်း ချီးမြှင့်ဂုဏ်ပြု ထိုက်သည်ဟု ယူဆပါသဖြင့် မြန်မာနိုင်ငံသတင်း ထိုက်သားဖြန့်ချိသကဲ့သို့သတင်းအမှား မီဒီယာကောင်စီက သတင်း/သတင်းဆောင်းပါး ဆုပြိုင်ပွဲ တစ်ရပ် ကျင်းပကာ ဆုများချီးမြှင့်သွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်လိုသော သတင်းမီဒီယာသမားများသည် ပုဂ္ဂလိက သတင်းစာ/ဂျာနယ်/စာစောင်များနှင့် အွန်လိုင်း မီဒီယာကဏ္ဍများတွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အတွင်း ရေးသားဖော်ပြထားသော သတင်း/ သတင်းဆောင်းပါး (သို့မဟုတ်) သတင်းနှင့် ဆောင်းပါး ပူးတွဲပုဒ်ရေ ခုနစ်ပုဒ်ထက်မနည်းကို ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၏ Email လိပ်စာ (mmpresscouncil@gmail.com) သို့လည်းကောင်း၊ စာတိုက်မှတစ်ဆင့် သတင်းမီဒီယာကောင်စီရုံး လိပ်စာ(အမှတ် ၃၉၂-၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်) သို့လည်းကောင်း ( မိမိ၏ ကိုယ်ရေးမှတ်တမ်း/ လိပ်စာ အပြည့်အစုံရေးသားဖော်ပြ၍ ပေးပို့နိုင်ပါကြောင်းနှင့် ချီးမြှင့် မည့်ဆုငွေများမှာ ပထမဆု ငွေကျပ် ၁၂ သိန်း၊ (ဒုတိယဆု ငွေကျပ်ကိုးသိန်း၊ တတိယဆု ငွေကျပ်ခြောက်သိန်း၊ အထူးဆုတစ်ဆုလျှင် ငွေကျပ်သုံးသိန်းဖြင့် အထူးဆုသုံးဆုတို့ ချီးမြှင့် မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲသည် သတင်းဌာနများအနေနှင့် မဟုတ်ဘဲ သတင်းမီဒီယာသမားများ အနေနှင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်